ဇေကမ္ဘာ ပြတိုက်အတွင်း ကိုးကွယ်ပူဇော် ပြသထားသည့် ဗုဒ္ဓဆင်းတုတော်များအား အနေကဇာတင်

ဇေကမ္ဘာပြတိုက်အတွင်း ကိုးကွယ်ပူဇော်ပြသထားသည့် ဗုဒ္ဓဆင်းတုတော်များအား အနေကဇာတင်


ဇေကမ္ဘာပြတိုက်အတွင်း ကိုးကွယ်ပူဇော်ပြသထားသည့် ဗုဒ္ဓ ဆင်းတုတော်များအား အနေကဇာတင် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်က အ ဆိုပါ ပြတိုက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဗုဒ္ဓဂါယာဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့အကျိုးတော်ဆောင် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ၊

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကျိုက်ထီးဆောင်း ဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၊ မဟာ သဒ္ဓမ္မဇောတိကဓဇ မြတ်မော်တင်စွန်းဆရာတော် ဘဒ္ဒန္တသုဇာတတို့ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး ရှေးဦးစွာ ဆရာတော်ကြီးများအား ဥက္ကဌ ဒေါက်တာခင်ရွှေ၊ ပြတိုက်အမှုဆောင် အရာရှိချုပ် ဦးဇေသီဟ၊ ပြတိုက်တာဝန်ခံနှင့် တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြ သထားမှုများကို လိုက်လံရှင်းလင်းပြသ လျှောက်ထား ခဲ့ကြ ကြောင်း သိရသည်။

ထို့နောက်ကြွရောက်ချီးမြှင့်ကြသော ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာကြားပြီး ဥက္ကဌ ဒေါက်တာခင်ရွှေက ပြတိုက်တည်ထောင်ရခြင်းရည်ရွယ်ချက်ကို ဆရာတော်ကြီးများထံ လျှောက်ထား ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။

ယင်းအခမ်းအနားတွင် ဇေကမ္ဘာမိသားစုမှ နဝကမ္မအလှူတော်ငွေ သိန်း၁၀၀၀ ကျပ်၊ မျက်စိအလင်း အလှူအတွက် သိန်း ၁၀၀၀ ကျပ်၊ သန်လျင်မင်းကျောင်းစာသင်တိုက်အတွက် သိန်း ၁၀၀၀ ကျပ်၊ ရှင်ဂဝံပတိပင့်ဆောင်တော်မူလာ သော သွားတော်များ

ကျောင်းတော်ရာတည်ဆောက်ရေးအတွက် သိန်း ၁၀၀၀ နှင့် မော်တင်စွန်းနဂါးကိုးကောင်စေတီတော်အတွက် အလှူတော်ငွေကျပ်သိန်း၂၀၀၊ စုစုပေါင်းအလှူတော် ငွေကျပ်ပေါင်း သိန်း ၄၂၀၀ နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်ခဲ့ကြောင်းလည်း သိရသည် ။ Source ; Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *