ေရွးေခတ္ကပံုစံေတြအတိုင္း ဝတ္စားထားတဲ့ပံုေတြေၾကာင့္ နာမည္ေက်ာ္ခဲ့သူ မိန္းခေလးတစ္ဦး

ေရွးေခတ္က ပံုစံေတြအတိုင္း ဝတ္စားထားတဲ့ပံုေတြေၾကာင့္ နာမည္ေက်ာ္ခဲ့သူ မိန္းခေလးတစ္ဦး

ယူကရိန္းနိုင္ငံသူ ဖက္ရွင္နဲ႔ အက နည္းျပဆရာမ ျဖစ္သူ Mila Povoroznyuk ဟာ သူမ ႏွစ္သက္တဲ့ ၁၈ ႏွင့္ ၁၉ ရာစု အခ်ိန္က ေခတ္စားခဲ့ေသာ ဝတ္စားဆင္ယင္မႈ ပံုစံ အဝတ္အစားေတြကို ယေန႔ေခတ္မွာ ေန႔စဥ္ ဝတ္ဆင္ေနခဲ့တဲ့သူ တစ္ဦး ျဖစ္သည္။

သူမရဲ့ေခတ္ေဟာင္းပံုစံ အဝတ္အစား ေတြထဲမွာမွပိုျပီး ႀက္ိဳက္ႏွစ္ သက္တဲ့ပံုစံကေတာ့ အက္ဒြပ္ဒီယန္းေခတ္ အခ်ိန္ (အက္ဒြပ္ဘုရင္အုပ္ခ်ဳပ္စဥ္) ဝတ္ဆင္မႈပံုစံေတြကို ပိုျပီးႀကိဳက္တဲ့ သူျဖစ္ျပီးတခ်ိဳ့ေသာ အဝတ္ေတြကိုေတာ့ သူမကိုယ္တိုင္ ျပဳလုပ္ဖန္တီးကာ ဝတ္ဆင္ခဲ့ပါတယ္။

Povoroznyuk ဟာ သူရဲ့ ၁၉ ရာစု ဝတ္ဆင္မႈပံုစံေတြ အတြက္သူမ ရဲ့ ဆံပင္ပံုစံ အပါအဝင္ ထိုအခ်ိန္က ေခတ္ စားခဲ့သည့္ ဝတ္ဆင္မႈနဲ႔ တြဲဖက္ အသံုးအေဆာင္ေတြ ျဖစ္ၾကသည့္ ဦးထုပ္ေတြ လက္အိတ္ေတြ ကိုလည္း အေသးစိတ္က အစအားလံုးကို ေသခ်ာျပဳလုပ္ဖန္တီး ကာ သူမရဲ့ ေန႔စဥ္အခ်ိန္မွာ ျဖတ္သန္းခဲ့ပါတယ္။

ယေန႔ေခတ္အေနနဲ႔ဆိုရင္ တမူထူးျခားေနတဲ့ သူမရဲ့ ဒီလိုမ်ိဳး ေန႔စဥ္ဝတ္ဆင္မႈ ပံုစံေတြကို လူမႈကြန္ရက္ေတြ ျဖစ္ၾကေသာ Instagramနဲ႔ Tiktok မွာ စျပီးတင္ခဲ့ရာမွ အခုဆိုရင္ အဆိုပါလူမႈကြန္ရက္အသံုးျပဳသူေတြၾကား မွာ သူမဟာ နာမည္ေက်ာ္တစ္ဦးအျဖစ္ ေရာက္ရွိခဲ့ပါေတာ့တယ္။ Povorozn yk ရဲ့ ေရွးေဟာင္းပံုစံ ဝတ္စားထားေသာ ပံုေတြထဲက တခ်ိဳ့ကို ေရႊးခ်ယ္ေဖာ္ျပ လိုက္ပါတယ္။ source ; Reality Show

Unicode … ရှေးခေတ်က ပုံစံတွေအတိုင်း ဝတ်စားထားတဲ့ပုံတွေကြောင့် နာမည်ကျော်ခဲ့သူ မိန်းခလေးတစ်ဦး

ယူကရိန်းနိုင်ငံသူ ဖက်ရှင်နဲ့ အက နည်းပြဆရာမ ဖြစ်သူ Mila Povoroznyuk ဟာ သူမ နှစ်သက်တဲ့ ၁၈ နှင့် ၁၉ ရာစု အချိန်က ခေတ်စားခဲ့သော ဝတ်စားဆင်ယင်မှု ပုံစံ အဝတ်အစားတွေကို ယနေ့ခေတ်မှာ နေ့စဉ် ဝတ်ဆင်နေခဲ့တဲ့သူ တစ်ဦး ဖြစ်သည်။

သူမရဲ့ခေတ်ဟောင်းပုံစံ အဝတ်အစား တွေထဲမှာမှပိုပြီး ြကိုက်နှစ် သက်တဲ့ပုံစံကတော့ အက်ဒွပ်ဒီယန်းခေတ် အချိန် (အက်ဒွပ်ဘုရင်အုပ်ချုပ်စဉ်) ဝတ်ဆင်မှုပုံစံတွေကို ပိုပြီးကြိုက်တဲ့ သူဖြစ်ပြီးတချို့သော အဝတ်တွေကိုတော့ သူမကိုယ်တိုင် ပြုလုပ်ဖန်တီးကာ ဝတ်ဆင်ခဲ့ပါတယ်။

Povoroznyuk ဟာ သူရဲ့ ၁၉ ရာစု ဝတ်ဆင်မှုပုံစံတွေ အတွက်သူမ ရဲ့ ဆံပင်ပုံစံ အပါအဝင် ထိုအချိန်က ခေတ် စားခဲ့သည့် ဝတ်ဆင်မှုနဲ့ တွဲဖက် အသုံးအဆောင်တွေ ဖြစ်ကြသည့် ဦးထုပ်တွေ လက်အိတ်တွေ ကိုလည်း အသေးစိတ်က အစအားလုံးကို သေချာပြုလုပ်ဖန်တီး ကာ သူမရဲ့ နေ့စဉ်အချိန်မှာ ဖြတ်သန်းခဲ့ပါတယ်။

ယနေ့ခေတ်အနေနဲ့ဆိုရင် တမူထူးခြားနေတဲ့ သူမရဲ့ ဒီလိုမျိုး နေ့စဉ်ဝတ်ဆင်မှု ပုံစံတွေကို လူမှုကွန်ရက်တွေ ဖြစ်ကြသော Instagramနဲ့ Tiktok မှာ စပြီးတင်ခဲ့ရာမှ အခုဆိုရင် အဆိုပါလူမှုကွန်ရက်အသုံးပြုသူတွေကြား မှာ သူမဟာ နာမည်ကျော်တစ်ဦးအဖြစ် ရောက်ရှိခဲ့ပါတော့တယ်။ Povorozn yk ရဲ့ ရှေးဟောင်းပုံစံ ဝတ်စားထားသော ပုံတွေထဲက တချို့ကို ရွှေးချယ်ဖော်ပြ လိုက်ပါတယ်။ source ; Reality Show

Add a Comment

Your email address will not be published. Required fields are marked *