တစ်သောင်းတန် ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်ပြောကြား
တစ်သောင်းတန်ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်ပြောကြား
Unicode … တစ်သောင်းတန်ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည္မွာ သတင်းအမှားသာဖြစ်ကြောင်း ဗဟိုဘဏ်ပြောကြား
တစ်သောင်းတန် ငွေစက္ကူများကို ပြန်သိမ်းမည်ဆိုသည့် သတင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ပြည်မြန်မာကို ပြောသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းများကို အခြေခံ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် သတင်းထုတ်ပြန်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“ အဲဒီတစ်သောင်းတန်တွေကို ပြန်သိမ်းမယ်ဆိုတာ မဟုတ်ပါဘူး ။သတင်း ကတော့ ထုတ်ပြန်ရမှာပဲ ။ ဘာလို့လဲဆိုတော့ အလကားနေရင်းနဲ့ ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်ကြမယ်လေ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကိုက တရားမဝင် ငွေကြေးအနေနဲ့ မလုပ်ပါဘူးဆိုပြီး မကြေညာ ပါဘူးဆိုပြီး သတ်မှတ် ထားပြီးသား။
ပြန်သိမ်းနေတယ် ဆိုတာ မဟုတ်ပါဘူး ။ စိုးရိမ်မှာ စိုးလို့ကို ဘဏ်တွေကိုလည်း ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးပါလို့ ညွှန်ကြားထား ပြီးသားပါ ။ ပြန်သိမ်းမယ် ဆိုတာတွေက မဟုတ်ပါဘူး ။ အလကားနေရင် စိတ်ပူနေကြမှာစိုးလို့ပါ ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြည်မြန်မာကို ပြောသည်။ Source ; Pyi Myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *