ပိုက်ဆံတပြားတစ်ချပ်မှ မယူပဲ ညနက်အထိအခမဲ့ အိမ်အထိလိုက်လံ ကုသပေးတဲ့ လေးစားစရာ ဆရာဝန်များနဲ့ ပရဟိတအသင်း

ပိုက်ဆံတပြားတစ်ချပ်မှ မယူပဲ ညနက်အထိအခမဲ့ အိမ်အထိလိုက်လံ ကုသပေးတဲ့ လေးစားစရာ ဆရာဝန်များနဲ့ ပရဟိတအသင်း

မဂ်လာပါ ပရိတ်သတ်ကြီးရေ ဆေးရုံ ဆေးခန်းမှ မကုသပေးတော့ ပေမယ့်လည်း ဆရာဝန်ဆိုတဲ့ ဝတ္တရားရယ် စေတနာ ကိုယ်ချင်းစာတရားရယ်ကို အပြည့်အဝ ပုံဖော်ပြသနေတဲ့ အခမဲ့ဆေးခန်း ဆရာဝန်များနဲ့ ဂန္ဓာ ပရဟိတအသင်း ပဲဖြစ်ပါတယ်။

မနေ့က ကြုံခဲ့ရတဲ့ အဖြစ်အပျက် လေးကိုပြောပြပါရစေ။ ဒီချိန်ကြီး (ည၁၁ နာရီ) အိမ်ဘေးက အစ်ကိုတယောက် နေမကောင်းဖြစ်လို့ ဘယ်ဆေးခန်းမှလည်း ပြေးမရ ၊ ဆေးရုံကလည်း အခြေအနေဘာမှန်းမသိတာနဲ့ အမေကတဆင့် ဌ/ ရပ်ကွက် ၊ ဂန္ဓမာ group ကဆရာဝန်တွေဆီ အကူအညီလိုရင် တောင်းလို့ရတယ်ဆိုတဲ့ post တွေ့လို့ အဆက်အသွယ် ရပြီး ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက်တာ ချက်ချင်းကို လူနာအိမ်ရှေ့ထိ ရောက်လာပြီး ကုသပေးသွားပါတယ်။

ကျေးဇူးအများကြီး တင်ပါတယ် ။ ဆေးဖိုးလည်း တပြားမှမယူသလို အလှူငွေ ထည့်ဖို့ လုပ်တော့လည်း သူတို့ လက်မခံလို့ ရုံးမှာပဲ အလှူငွေ လာလှူခိုင်းပါတယ်။ အချိန်မရွေး လှမ်းခေါ်ပြီး အကူအညီ တောင်းနိုင်ပါတယ်တဲဘကျေးဇူးအခါခါ တင်မိပါတယ်ဆိုပြီး ဝမ်းသာပီတိ အပြည့်နဲ့တင် ထားတာ ဖြစ်ပါတယ်။

ရပ်ကွက်နေ ပြည်သူများခင်ဗျာ ပြည်သူများရဲ့ ကျန်းမာရေးအ တွက် ပူပင်သောကမှု ကင်းဝေစေရန်အတွက် ဌရပ်ကွက်နာရေး ကူညီမှု အခမဲ့ဆေးခန်းတွင် ကုသမူပေးနေသော ဒေါက်တာရဲလွင်ဦး၊ ဒေါက်တာသက်​ဇော်ထိုက်တို့နှင့် ကျွန်တော်တို့ ဂန္ဓာမာ(group) ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ မိဘပြည်သူများ၏ ကျန်းမာရေးအား ကူညီစောင့်ရှောက်မှုကို မိုဘိုင်းစနစ်ဖြင့် အခ​မဲ့ လိုက်လံကုသပေးပါမည်ခင်ဗျာ။

ဆက်သွယ်ရန်-ဖုန်း-​ဒေါက်တာရဲလွင်ဦး 09960349757 ဦးပြုံးချို – 09 780999918 ဦးသွေးဆက်-0943163392 ဂန္ဓာမာ (Gro up) ပရဟိတ အသင်း၊ (ဋ္ဌ) ရပ်ကွက် မြောက်ဥက္ကလာပ မြို့နယ် ၊ ရန်ကုန်မြို့

Tags:

Add a Comment

Your email address will not be published. Required fields are marked *