


Unicode … ရုပ်ရှင်အနုပညာရှင်များလည်း ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်

မြန်မာစစ်တပ်က နိုင်ငံတော် အာဏာကို ဥပဒေမဲ့ သိမ်းယူခဲ့တဲ့ ၇ ရက်မြောက်တဲ့နေ့မှာတော့ ရန်ကုန်မြို့တော် ဆူးလေ စေတီတော်နဲ့ မြို့တော်ခမ်းမရှေ့ မှာ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြီး ပြုလုပ်နေ ပါတယ်။ ရုပ်ရှင်အနုပညာရှင်တွေလည်း လူထုနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာ သိမ်းယူမှုကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

စစ်အာဏာရှင် ပြုတ်ကျရေး အာဏာဖီဆန်မှု လူထုအရေးတော်ပုံ ကြီးထဲ မြန်မာ့ရုပ်ရှင် အနုပညာ ရှင်တွေကလည်း ဒီကနေ့ရန်ကုန် မြို့လည်ခေါင်မှာ လူထုလှုပ်ရှားမှုထဲ ပါဝင်လာခဲ့ပါတယ်။ ဒါရိုက်တာ ဏကြီး၊ မျိုးသန္တာထွန်း၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်၊ ခါရာ၊ အိမိကို၊ အောင်ရဲထိုက် စတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ လှုပ်ရှားမှုထဲမှာ ပါဝင်လာကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *