ရန္ကုန္ရွိပုဂၢလိက ဘဏ္တစ္ခ်ိဳ႕တြင္ဝန္ထမ္းမ်ာ းမလာသျဖင့္ဘဏ္လုပ္ငန္းမ်ား မလည္ပတ္နိုင္

ရန္ကုန္ရွိပုဂၢလိက ဘဏ္တစ္ခ်ိဳ႕တြင္ ဝန္ထမ္းမ်ားမလာသျဖင့္ ဘဏ္လုပ္ငန္းမ်ား မလည္ပတ္နိုင္

အာဏာ သိမ္းယူၿပီး ၇ ရက္ေျမာက္ ျဖစ္သည့္ ယေန႔ ( ေဖေဖာ္ဝါရီ ၈) နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ့ရွိ ပုဂၢလိက ဘဏ္တစ္ခ်ိဳ့တြင္ ဘဏ္ဝန္ထမ္းမ်ား မလာသျဖင့္ ဘဏ္လုပ္ငန္းမ်ား မလည္ပတ္ နိုင္ေၾကာင္း သိရသည္။

“ ကုန္သည္လမ္းက KBZ ဘဏ္ကို သြားခဲ့တယ္။ ေငြထုတ္ဖို့။ ဘဏ္ဝန္ထမ္းေတြတစ္ေယာက္မွ မလာဘူး၊ မန္ေနဂ်ာေတြပဲရွိလို့transaction ( ေငြသြင္း ေငြထုတ္ ) ေတြ ဘာမွလုပ္လို့ မရဘူး။ အျခားဘဏ္ေတြ ဖြင့္ သလား ေမးေတာ့လည္း ဘယ္ဘဏ္မွ မဖြင့္ဘူး ေျပာတယ္။ မနက္ျဖန္ ဖြင့္နိုင္မလား ေမးေတာ့လည္း မေသခ်ာဘူးေျပာတယ္” ဟု ယေန႔ နံနက္ပိုင္းတြင္ ဘဏ္ေငြသြားထုတ္သည့္ ကုမၸဏီ ဝန္ထမ္းတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ့ ပုဇြန္ေတာင္၊ ဗိုလ္တစ္ေထာင္ႏွင့္ ေက်ာက္တံတားၿမိဳ့နယ္မ်ားရွိ ပုဂၢလိက ဘဏ္အခ်ိဳ့တြင္ ယေန႔နံနက္ပိုင္းက ATM သို့ ေငြလာထုတ္သူ အခ်ိဳ့မွအပ လူအဝင္အထြက္ နည္းပါးလ်က္ရွိသည္ကို ေတြ႕ရသည္။ ယေန႔ တနလၤာေန႔တြင္ နိုင္ငံ့ ဝန္ထမ္းမ်ားအျပင္ ပုဂၢလိက ဝန္ထမ္းမ်ားပါ ႐ုံးတက္ျခင္း၊ အလုပ္သြားျခင္း မျပဳၾကပဲ အာဏာဖီဆန္ေရးလွုပ္ရွားမွု (CDM) တြင္ ပူးေပါင္းပါဝင္လာသည္ဟု သတင္းရွိသည္။ Source ; Popolay

Unicode … ရန်ကုန်ရှိပုဂ္ဂလိက ဘဏ်တစ်ချို့တွင် ဝန်ထမ်းများမလာသဖြင့် ဘဏ်လုပ်ငန်းများ မလည်ပတ်နိုင်

အာဏာ သိမ်းယူပြီး ၇ ရက်မြောက် ဖြစ်သည့် ယနေ့ ( ဖေဖော်ဝါရီ ၈) နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်တစ်ချို့တွင် ဘဏ်ဝန်ထမ်းများ မလာသဖြင့် ဘဏ်လုပ်ငန်းများ မလည်ပတ် နိုင်ကြောင်း သိရသည်။

“ ကုန်သည်လမ်းက KBZ ဘဏ်ကို သွားခဲ့တယ်။ ငွေထုတ်ဖို့။ ဘဏ်ဝန်ထမ်းတွေတစ်ယောက်မှ မလာဘူး၊ မန်နေဂျာတွေပဲရှိလို့transaction ( ငွေသွင်း ငွေထုတ် ) တွေ ဘာမှလုပ်လို့ မရဘူး။ အခြားဘဏ်တွေ ဖွင့် သလား မေးတော့လည်း ဘယ်ဘဏ်မှ မဖွင့်ဘူး ပြောတယ်။ မနက်ဖြန် ဖွင့်နိုင်မလား မေးတော့လည်း မသေချာဘူးပြောတယ်” ဟု ယနေ့ နံနက်ပိုင်းတွင် ဘဏ်ငွေသွားထုတ်သည့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်နှင့် ကျောက်တံတားမြို့နယ်များရှိ ပုဂ္ဂလိက ဘဏ်အချို့တွင် ယနေ့နံနက်ပိုင်းက ATM သို့ ငွေလာထုတ်သူ အချို့မှအပ လူအဝင်အထွက် နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။ ယနေ့ တနင်္လာနေ့တွင် နိုင်ငံ့ ဝန်ထမ်းများအပြင် ပုဂ္ဂလိက ဝန်ထမ်းများပါ ရုံးတက်ခြင်း၊ အလုပ်သွားခြင်း မပြုကြပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်လာသည်ဟု သတင်းရှိသည်။ Source ; Popolay

Tags:

Add a Comment

Your email address will not be published. Required fields are marked *