Unicode … နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှဝန်ထမ်းများ CDM လှုပ်ရှားမှုပြုလုပ်
နေပြည်တော်ခုတင် ၁,၀၀၀ ဆေးရုံမှ ဝန်ထမ်းများက တပ်မတော် အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသသည့် အနေဖြင့် CDM လှုပ်ရှားမှုကို လူအင်အား ၂၀၀ ခန့်ဖြင့် ယနေ့တွင် ဆက်လက် အရှိန်မြှင့် ပြုလုပ် ခဲ့သည်။
အာဏာသိမ်းမှုကို လက်မခံကြောင်းနှင့် အာဏာရှင် စနစ် အမြန်ဆုံးကျရှုံးရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနများ ဝန်ထမ်းများမှ ဦးဆောင်၍ Civil Disobedience Movement အား ယနေ့နံနက် ၆ နာရီက ခုတင် ၁,၀၀၀ ဆေးရုံ ဝန်ထမ်းအိမ်ရာ အတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အပါ အဝင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စီးမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာ ဦးစီးဌာနတို့က ပူးပေါင်း ပါဝင်ခဲ့သည်။ Source ; 7 Day
Tags:
Add a Comment
Your email address will not be published. Required fields are marked *