ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင် မကျနိုင်ဘူးဆိုတဲ့ သရုပ်ဆောင် ချစ်သုဝေ

ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင် မကျနိုင်ဘူးဆိုတဲ့ သရုပ်ဆောင်ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့အတူ ဆူးလေမှာ ပါဝင်ဆန္ဒပြခဲ့ပါတယ်။ သူကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ ပြည်သူတွေကို ကြည့်ရင်း ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင်မကျ နိုင်ဘူးဆိုတဲ့ အကြောင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ဆန္ဒပြ ပုံရိပ်တွေနဲ့ အတူ တင်ထားတာ ဖြစ်ပါတယ်။

“ရင်ထဲဆို့ နေတာပဲ အမှေင် ကျတော့မယ့် တိုင်းပြည်အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေကြတဲ့ လူငယ်တွေ ဘယ်အချိန် ဘယ်နေရာက လာမယ်မှန်းမသိတဲ့ ကျည်ဆံတွေကို တောင်မကြောက် စည်းလုံးပြီး လမ်းပေါ်ထွက်လာကြရှာရတာ။ ကျွန်မတို့အားကိုးရမယ့် မောင်ငယ် ညီမငယ်လေးတွေစည်းကမ်း လည်းရှိ စည်းလည်း စည်းလုံးကြတယ်။

ဒီတော့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ CDM မှာပါဝင်ပြီး ရုံးမသွားကြဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ ရုံးမသွားပဲ အိမ်ထဲမှာနေပေးရင်လဲ လမ်းမပေါ်ထွက်နေ ရတဲ့ ပညာတတ် လူငယ်လေးတွေကို အပြန်အလှန်အားပေးရာ ရောက်တာကို မမေ့လိုက်ပါနဲ့။

အားလုံးကို လုံခြုံနေစေချင်မိတာတော့ အမှန်ပဲ။ အထိရောက်ဆုံး ဖိအား ကိုထိရောက်စွာ ဝိုင်းဝန်းနိုင်ရင် ပညာသားပါ ပါ နိုင်ငံကို ကယ်တင်ရာ ရောက်မှာပါ။ ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင်မကျနိုင်တာကြီးကွာ လုပ်ရက် လိုက်ကြတာ” လို့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားထားတာပါ။

ချစ်သုဝေကတော့ ဆန္ဒဖော်ထုတ်နေကြတဲ့ သူတွေအတွက်လည်း ဓာတ်ဆားထုတ် အထုပ် နှစ်ထောင် လှူခဲ့တယ်လို့သိရပါတယ်။ သမီးနှစ်ယောက်မိခင်ဖြစ်နေတာကြောင့် သူလုပ်ချင်တာတွေကို ဘေးကနေ fan တွေကစည်းစည်းလုံးလုံးနဲ့ ပါဝင်ပေးတယ်လို့လည်း ရေးသားထားပါသေးတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *