ၿမိတ္တြင္ဆႏၵျပ ျပည္သူနဲ႔ပူးေပါင္းတဲ့ ရဲတပ္သားတစ္ဦး ဖမ္းဆီးခံရ

ၿမိတ္တြင္ဆႏၵျပ ျပည္သူနဲ႔ပူးေပါင္းတဲ့ ရဲတပ္သားတစ္ဦး ဖမ္းဆီးခံရ

ၿမိတ္ၿမိဳ့တြင္ ဆႏၵျပ ျပည္သူနဲ႔ပူးေပါင္းတဲ့ ရဲတပ္သားတစ္ဦးကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္တုေရွ႕၌ အာဏာရွင္ ဆန႔္က်င္တဲ့ ဆႏၵျပပြဲမွာ ျပည္သူနဲ႔အတူ ပူးေပါင္းပါဝင္ျခင္း၊ဆႏၵျပျပည္သူေတြကို ၎ရရွိတဲ့ လစာျဖင့္ ေရသန႔္ဗူးဝယ္ယူ ေပးေဝျခင္း ၊ မိန႔္ခြန္း ေျပာၾကားျခင္း ၊ ေႀကြးေၾကာ္သံမ်ား ေအာ္ဟစ္တဲ့အတြက္ ရဲတပ္ဖြဲ႕ကလာေရာက္ ဖမ္းဆီးသြားေၾကာင္း သိရပါတယ္။

ဖမ္းဆီးခံရတဲ့ ရဲတပ္သားမွာ ထြန္းေအာင္လင္းဆိုသူ ျဖစ္ၿပီး ျမိဳ့မရဲစခန္းမွာခ်ဳပ္ေႏွာင္ ထားဆဲျဖစ္ေၾကာင္း သိရပါတယ္ ။ အဆိုပါ ရဲတပ္သားမွာ ၿမိတ္ၿမိဳ့ရွိ Sea View Condo လမ္းဆုံတြင္ တာဝန္ခ်ထား သူျဖစ္ၿပီး ဆႏၵျပမွုျဖစ္ေပၚေနစဥ္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖင့္ လာေရာက္ ပူးေပါင္းခဲ့ေၾကာင္းသိရပါတယ္။ ၿမိတ္ၿမိဳ့တြင္ တာဝန္က်ေနတာ ၃ ႏွစ္ခန႔္ ရွိၿပီျဖစ္ၿပီး ဆႏၵျပမွုအတြင္းအရပ္ဝတ္ ရဲသားမ်ားက လာေရာက္ ဖမ္းဆီးသြားေၾကာင္း သိရပါတယ္။ Crd ;  ျမတ္ထြဋ္ (ၿမိတ္)

Unicode … မြိတ်တွင်ဆန္ဒပြ ပြည်သူနဲ့ပူးပေါင်းတဲ့ ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

မြိတ်မြို့တွင် ဆန္ဒပြ ပြည်သူနဲ့ပူးပေါင်းတဲ့ ရဲတပ်သားတစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့၌ အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ခြင်း၊ဆန္ဒပြပြည်သူတွေကို ၎င်းရရှိတဲ့ လစာဖြင့် ရေသန့်ဗူးဝယ်ယူ ပေးဝေခြင်း ၊ မိန့်ခွန်း ပြောကြားခြင်း ၊ ကြွေးကြော်သံများ အော်ဟစ်တဲ့အတွက် ရဲတပ်ဖွဲ့ကလာရောက် ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲတပ်သားမှာ ထွန်းအောင်လင်းဆိုသူ ဖြစ်ပြီး မြို့မရဲစခန်းမှာချုပ်နှောင် ထားဆဲဖြစ်ကြောင်း သိရပါတယ် ။ အဆိုပါ ရဲတပ်သားမှာ မြိတ်မြို့ရှိ Sea View Condo လမ်းဆုံတွင် တာဝန်ချထား သူဖြစ်ပြီး ဆန္ဒပြမှုဖြစ်ပေါ်နေစဉ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လာရောက် ပူးပေါင်းခဲ့ကြောင်းသိရပါတယ်။ မြိတ်မြို့တွင် တာဝန်ကျနေတာ ၃ နှစ်ခန့် ရှိပြီဖြစ်ပြီး ဆန္ဒပြမှုအတွင်းအရပ်ဝတ် ရဲသားများက လာရောက် ဖမ်းဆီးသွားကြောင်း သိရပါတယ်။ Crd ;  မြတ်ထွဋ် (မြိတ်)

Tags:

Add a Comment

Your email address will not be published. Required fields are marked *