Unicode … မန္တလေးနတ်ဒေဝါများအစည်းအရုံးက အာဏာရှင်ပြုတ်ကျရေးကျိန်စာတိုက်ပြီး ဆန္ဒပြ
မန္တလေး နတ်ဒေဝါများ အစည်းအရုံးက စစ်အာဏာရှင်စနစ်ကို အပြင်းအထန်ရှုံ့ချကြောင်း ဆိုပြီး မန္တလေးမြို့ရဲ့ လမ်းမကြီးတွေပေါ် ထွက်ပြီး ဆန္ဒပြနေကြပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် ၈၅ လမ်းပေါ်မှာ စုရပ်ပြု လုပ်ပြီး နတ်ဝတ် တန်ဆာတွေနဲ့ မြို့အနှံ့လှည့်လည် ဆန္ဒဖော်ထုတ် သွားမယ်လို့ သိရပါတယ်။
စစ်အာဏာရှင် စနစ်အလိုမရှိ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော် ထုတ် နေကြတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲ မစမီမှာလည်း အာဏာရှင်ပြုတ်ကျရေး ကျိန်စာ တိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ ကြပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး) Source ; Duwun