Unicode … အနုပညာရှင်မောင်နှစ်မတွေနဲ့အတူ နိုင်ငံတော်အေးချမ်းစေဖို့ အမျှဝေ ခေါင်းလောင်းတီးပြီး ပဌာန်းရွတ်ဖတ်ခဲ့တဲ့ နန်းစန္ဒာလှထွန်း
MRTV 4 မင်းသမီး တစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်း ကတော့ အနုပညာရှင် မောင်နှမတွေနဲ့အတူ နိုင်ငံတော် အေးချမ်းစေဖို့ အမျှ ခေါင်းလောင်းတီးပြီး ပဌာန်းရွတ်ဖတ် ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လူမှုကွန်ရက် စာမက်နှာကနေ ပုံတွေနဲ့အတူ ရေးသားလာခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းပါစေ၊ အချုပ်အနှောင် ကင်းပါစေလို့ ဆုတောင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
“CDM ပြုလုပ်သော ဝန်ထမ်းများ ကိုလည်း လေးစားလျက် ကိုယ့်ဘက်က လည်း တတ်နိုင်တာကို ပြည်သူနဲ့ အတူရှိရင်း၊ ပြည်သူအားလုံး အန္တရာယ်ကင်းပါစေ။ ပဌာန်းရွတ်ဖတ် ပူဇော်ပြီး အမျှဝေ ခေါင်းလောင်းတီး ကိုယ်ပြုတဲ့ကောင်းမှု အစုစုကြောင့် နိုင်ငံတော် အေးချမ်းပါစေ။ အချုပ်အနှောင် ကင်းပါစေ ဆုတောင်းကြတယ် ” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာပါ။
နန်းစန္ဒာလှထွန်း အပါအဝင် MRTV 4 က အနုပညာရှင် များစွာကလည်း မြန်မာ ပလာဇာရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သလို နိုင်ငံတော် အေးချမ်းစေဖို့လည်း ဆုတောင်းခဲ့ ကြပါတယ်။ ဒါ့အပြင် တရုတ် သံရုံးရှေ့မှာလည်း ဆန္ဒထုတ်ဖော် ခဲ့ကြပါသေးတယ်။ Source ; Pyi Myanmar
Add a Comment
Your email address will not be published. Required fields are marked *