Unicode … စစ်အာဏာရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ ငွေဆောင် ယာယီစခန်းမှူးနှုတ်ထွက်
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ငွေဆောင် ရဲစခန်းမှ ယာယီ စခန်းမှူး ရဲအုပ် ညီညီနိုင် သည် ” စစ်အာဏာရှင် လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်း မရှိသဖြင့် နှုတ်ထွက်ခွင့် ပြုပါရန်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ သို့ လိမ့်မူ၍ နှုတ်ထွက်စာ တင်ခဲ့ပါသည်။
၎င်း ရဲအုပ်သည် စစ်အာဏာ သိမ်းယူထားပြီး ကာလတွင် ဧရာဝတီတိုင်းအတွင်း ပထမဆုံး နှုတ်ထွက်သည့် စခန်းမှူးဖြစ်သည် ။ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရဲစခန်းများ၏ နေ့စဉ်လုပ်ငန်းစဉ်ဖြစ်သည့် နံနံနက်ခင်း တန်းစီခြင်း၌ ပါဝင်လာခြင်း မရှိပဲ လက်ရှိအချိန်တွင် ငွေဆောင် ရဲစခန်းတွင် မရှိကြောင်း သိရသည်။ Source ; Mizzima
Tags:
Add a Comment
Your email address will not be published. Required fields are marked *