Unicode … အာဏာသိမ်းမှုကိုလက်မခံကြောင်း ဆန္ဒပြခဲ့တဲ့ ဂီတအနုပညာရှင်များ
အဆိုတော် ဇော်ဝင်းထွဋ် ၊ ရင်ဂို ၊ အောင်လ ၊ ဝေလ ၊ ရေမွန် ၊ ဟဲ လေး ၊ အောင်ထက် ၊ ဖိုးကာ ၊ ဝိုင်းစုခိုင်သိန်း နှင့် ဂီတ အနုပညာရှင်များစွာ စုပေါင်းပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ စစ်အာဏာ သိမ်းမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်၊ ဘေလီ တံတားထိပ်မှာ ပြည်သူများ နဲ့အတူ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD အစိုးရအား ကြိုဆို ထောက်ခံကြောင်း နှင့် တပ်မတော် အာဏာ သိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။ Source ; Myanmar Celebrity TV