စကားတွေအများကြီးပြောပြီး မလိုတဲ့စကားလုံးတွေနဲ့ အချိန်ဖြုန်းတဲ့ထဲမပါဘူး ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ပါလို့ဆိုလာတဲ့ သရုပ်ဆောင်နိုင်နိုင်း

စကားတွေအများကြီးပြောပြီး မလိုတဲ့ စကားလုံးတွေနဲ့ အချိန်ဖြုန်းတဲ့ထဲ မပါဘူး ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ပါလို့ဆိုလာတဲ့ သရုပ်ဆောင်နိုင်နိုင်း

သရုပ်ဆောင် နိုင်နိုင်းကတော့ အခုချိန်ဟာ ဘယ်သူဘာလဲဆိုတာ ငြင်းခုန်ရမယ့် အချိန် မဟုတ်သလို ဖေ့ဘွတ်မှာ စကားတွေ အများကြီးပြောပြီး မလိုတဲ့ စကားလုံးတွေနဲ့ အချိန်ဖြုန်းတဲ့ထဲ မပါဘူးလို့ ဖောဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။သူဘာတွေ လုပ်နေလဲဆိုတာကို ဖေ့ဘွတ်ပေါ်မှာ တင်မဟုတ်သလို သိချင်တယ်ဆိုရင် အပြင်လောကထဲကို ထွက်ခဲ့ပါလို့လည်း ဆိုထားပါတယ်။

“ အခုအချိန်မှာ ဘယ်သူဘာဆိုတာ ငြင်းခုန်ရမယ့် အချိန်မဟုတ်ဘူး။ ဖေ့ဘွတ်မှာ စကားတွေ အများကြီးပြောပြီး မလိုတဲ့ စကားလုံးတွေနဲ့ အချိန်ဖြုန်းတဲ့ အထဲမှာ ကျုပ်မပါဘူး။ ကျုပ်ဘာလုပ်နေလဲ သိချင် ရင် ကျုပ် Page မှာ လာမကြည့်နဲ့ ဘာမှလဲတင်မှာ မဟုတ်ဘူး။ သိချင်ရင် အပြင်လောကထဲ ထွက်ခဲ့။ ကိုယ်ဘာ လုပ်နေလဲ ကိုယ်သိ။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ အရေးကြီးတယ်” လို့ လူမှုကွန်ရက်စာမျက်နှာ ကနေ ရေးသားထားတာပါ။

နိုင်နိုင်းကတော့ ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပါတယ်။ သူဟာ အနုပညာရှင် တစ် ယောက်ဖြစ်သလို ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ပါလို့လည်းဆိုထားပါ တယ်။ ဒါ့အပြင် မြန်မာပြည်သူပြည်သား တွေလည်း ဘေးရန်ကင်းပြီး အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်း ပေးထား ပါသေးတယ်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *