CDMအောင်မြင်မလား မေးတဲ့သူတွေ ဒီစာလေးကို သာဖတ်ကြည့်ပါ
|CDMအောင်မြင်မလား မေးတဲ့သူတွေ ဒီစာလေးကို သာဖတ်ကြည့်ပါ
ဆင်တင်းကုပ်က ဆင်ဖြူတော်တွေဆိုတာ ပိန်ချုံးချည့်နဲ့ နေတာပဲ ။ တသက်လုံး အချိုးခံလာရတဲ့ စိတ်က အဲ့လို ရုန်းမထွက်နိုင် ဖြစ်တတ်တာ ဓမ္မတာပါ။ အဲ့လို သင့်မျိုးဆက်သစ်တွေ ချိုးနှိမ်ခံရခြင်း မရှိအောင် ဘဝတုန်းမခံရအောင် နောက်ရက် အနည်းငယ် ဆက်တောင့်ထားပြီး ရုန်းထွက်ပါလို့ ပြောတာပါ။
နက်ဖြန်တစ်ရက် ” ငါရုံးမတက်ဘူး ရုန်းထွက်မယ်” လို့ တစ်ရက်ခြင်း အသက်ရှင်သွားပါ။ သင်တစ်ချက် ဆောင့်ရုန်းဖို့ပဲ လိုတာပါ။ နက်ဖြန် တစ်ရက်သင့်သားသမီးတွေ ရေရှည် အနာဂတ် အတွက် ရုံးမတက်ပါနဲ့။
သင်တစ်ချက်လေးပဲ ဆောင့်ရုန်းပေးပါ ။ အခုလောလောဆယ် CDM ကအ တော် ထိရောက်ပါတယ်။ ပထမတော့ CDMကို ဂရုမစိုက်ဟန် ပြတယ်။နောက်တော့ ပျက်ရယ်ပြုတယ်။ နောက်တော့ ဒေါသထွက်လာပြီး ခြိမ်းခြောက်ရန်ရှာမှုတွေ လုပ်လာတယ်။
သင့် CDM ကြောင့် သူတို့ဘယ်လောက် တုန်လှုပ်သလဲ မြင်လာရပါပြီ။ ပိုက်ဆံမရှိတဲ့ အစိုးရတစ်ရပ်ဟာ ဘယ်တော့မှ ကြာကြာ တောင့်မခံနိုင်ပါ။ မကြာခင် ဘုန်းဘုန်းလဲ ပါတယ်။ သူတို့တိုင်းပြည် ဘဏ္ဍာငွေကို ဆင်းရဲအောင်လုပ်ခဲ့တဲ့ဒဏ် သူတို့ပြန်ခံ ရပါပြီ။
ရေသောက်မြစ်တွေ ပြတ်ပြတ်ထွက်လာတာ အပင်ကြီးပြိုလုလုဖြစ်လာပါပြီ။ အမြင်အရ အပင်ကြီးရှိနေပေမယ့် ဝုန်းကနဲပြိုဆင်း သွားတတ်တာ ဓမ္မတာပါ။သင်အိမ်ကနေ လုပ်နိုင်တဲ့ ရုံးမတက်ပဲ ရုံးထွက်ပေးပါ။ တစ်ချက်လေးပဲ ဆောင့် ရုန်းပေးပါ သင်လွှတ်မြောက် ပါပြီ။
အာဏာရှင်ဟာ ဘယ်နှစ်ရက်မှ မရှိသေးပဲ အစွမ်းကုန် အာဏာပြခြိမ်းခြောက်ပြ နေပါပြီ။ သင့်ကလေးတွေ လက်ထက်မှာ ကြောက်စရှိ သင်တို့ထက် ပိုကြောက် ရပါတော့မယ်။ လွတ်လပ်စွာအကြောက်တရားကင်းတဲ့ ဘဝကိုကူးပြောင်း ကြပါစို့။ လွှတ်လပ်ခြင်းနဲ့ တရားမျှတမှု အမွေဟာ သင့်လက်တကမ်းမှာပါ။
သင်တစ်ချက်လေးပဲ ဆောင့်ရုန်းဖို့ပေးပါ။ ကြိုက်သလို Copy /Share လုပ်နိုင်ပါတယ်။ Credit ပေးရန် မလိုပါ။ တိုင်ပြည်အတွက် သင်အကြောက်တရား အောက်ကနေ တစ်ချက်လေးပဲ ဆောင့်ရုန်းပေးရင်ရပါပြီ။ Crd