ရုံးမတက်ခြင်းဖြင့် ပြည်သူတွေဘဝကို ကယ်တင်ပေးကြပါရန် မေတ္တာရပ်ခံလိုက်တဲ့ အိန္ဒြာကျော်ဇင်
Unicode … ရုံးမတက်ခြင်းဖြင့် ပြည်သူတွေဘဝကို ကယ်တင်ပေးကြပါရန် မေတ္တာရပ်ခံလိုက်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်
CDM မှာ ပါဝင်ဖို့ ကျန်ရှိနေသေးတဲ့ ရုံး၊ ဌာနများမှ ပြည်သူ့ ဝန်ထမ်းများနေထိုင်ရာ အိမ်ရာဝင်းများထိ သွားရောက်ပြီး ရုံးမတက်ကြဖို့ မေတ္တာရပ်ခံခဲ့ကြောင်း အိန္ဒြာကျော်ဇင်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
” CDM မှာ မပါဝင်သေးတဲ့ ပြည်သူ့ ဝန်ထမ်းများရှင် … ရုံးမတက်ခြင်းဖြင့် ပြည်သူတွေရဲ့ ဘဝကို ကယ်တင်ပေးကြပါလို့ အနူးအညွတ် မေတာရပ်ခံချင်ပါတယ်ရှင် ….. မနက်ဖန်ကစလို့ ရုံးမတက်ကြနဲ့နော် ချစ်သောပြည်သူ့ ဝန်ထမ်းများ ” လို့ အိန္ဒြာကျော်ဇင်က မေတ္တာရပ်ခံ ခဲ့ပါတယ်။
CDM ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းများ အတွက်လည်း အလုပ်အကိုင် ၊ စားဝတ်နေရေး ၊ လိုအပ်ရင် လိုအပ်သလို အစစ အရာရာ တာဝန်ယူ ကူညီထောက်ပံ့ပေးမဲ့ တရားဝင် အဖွဲ့အစည်းတွေလဲ အများကြီး ရှိတာ ကြောင့် စိုးရိမ် ပူပန်စရာ မလိုကြောင်းလဲ သူမက ထပ်လောင်း အာမခံခဲ့ကြောင်း သိရှိရပါတယ်။ Crd
Add a Comment
Your email address will not be published. Required fields are marked *