မြဝတီဘဏ်တွင်ငွေလာရောက် ထုတ်ယူသူများပြားနေပြီး တုံကင်စနစ်ဖြင့်တစ်ဦးလျှင် ငွေကျပ်သိန်း၅၀သာ အများဆုံးထုတ်ပေးနေဟုသိရ
|မြဝတီဘဏ်တွင် ငွေလာရောက်ထုတ်ယူသူများပြားနေပြီး တုံကင်စနစ်ဖြင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀သာ အများဆုံးထုတ်ပေးနေဟုသိရ
Unicode … မြဝတီဘဏ်တွင် ငွေလာရောက်ထုတ်ယူသူများပြားနေပြီး တုံကင်စနစ်ဖြင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀သာ အများဆုံးထုတ်ပေးေနဟုသိရ
ရန်ကုန်မြို့အတွင်းရှိ မြဝတီဘဏ်ခွဲများတွင် ငွေလာရောက်ထုတ်ယူသူများ များပြားလျက် ရှိနေသည့်အတွက် ဘဏ်များအနေဖြင့် တုံကင်စနစ်ဖြင့် ငွေအကန့်အသတ်ဖြင့်သာ ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။
မြဝတီဘဏ်တွင် ငွေလာရောက် ထုတ်ယူလိုသူများအနေဖြင့် နံနက် ၈ နာရီခွဲတွင် လာရောက်တန်းစီ စောင့်ဆိုင်းရမည်ဖြစ်ပြီး တုံကင် ၂ဝဝ သာ ပေးမည်ဖြစ်ကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ အများဆုံးသာ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ မြဝတီဘဏ်မှ တာဝန်ရှိသူများကလာရောက် ထုတ်ယူနေသူတွေကို လက်ကိုင် စပီကာများဖြင့် လိုက်လံပြောကြားခဲ့ပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်လည်း မြဝတီဘဏ်တွင် ငွေလာရောက် ထုတ်ယူသူ များပြားသည့်အတွက် ဘဏ်များကို နေ့လည် ၁၁ နာရီခွဲ တွင်ပြန်လည်ပိတ်ခဲ့ရပြီး လက်ရှိပြည်တွင်းတွင် ပုဂ္ဂလိကဘဏ်များမှာ CDM တွင်ပါဝင်ပြီး ပိတ်သိမ်းထားလျက်ရှိပါတယ်။ crd ; YMC