Unicode … ကမ္ဘာမကြေဘူး တက်တူးထိုးသူများလာ …တက်တူးထိုးခရငွေများကို CDM ဝန်ထမ်းများအား ပြန်လှူမည်
” ကမ္ဘာမကြေဘူး ” တက်တူးစာသား ထိုးမှု မုံရွာလူငယ်များအကြား ရေပန်းစားနေပြီး တက်တူးထိုးခ ရငွေများကို CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအား လှူမည်ဟု တက်တူးဆရာ များက ပြောသည်။
တစ်ပုံလျှင် အထူးလျှော့ဈေး ငါးထောင်ကျပ်ဖြင့် ထိုးပေးလျက် ရှိသည်။ ယနေ့မှ စတင်သော တက်တူးထိုး လှုပ်ရှားမှုတွင် အယောက် ၁၀၀ ခန့် လာရောက်ထိုးခဲ့ပြီး အလှူငွေ ၇ သိန်းကျော် ရခဲ့သည်။
” လူတိုင်း လှူနိုင်အောင်လို့ ၅ ထောင် သတ်မှတ်လိုက်တာ ။ တက်တူးမထိုးဘဲ လှူချင်တဲ့သူတွေအတွက်လည်း အလှူခံပေးတယ်” ဟု တက်တူး ဆရာတစ်ဦးက ပြောသည်။
၎င်းတို့ Tattoo Family အဖွဲ့တွင် ပါဝင်သော တက်တူး ပ ညာရှင် ၂၀ ခန့် က မုံရွာမြို့ ကျောက္ကာလမ်းမပေါ် သံလမ်းမီးပွိုင့်အနီးတွင် နေ့စဉ် နံနက် ၁၀ နာရီခန့်မှ စတင် တက်ထူးထိုးပေးသွားမည်ဖြစ်သည်။ Source ; MonywaGazette
Tags:
Add a Comment
Your email address will not be published. Required fields are marked *