ပုဂံၿမိဳ့မွာစစ္အာဏာရွင္ျပဳတ္က်ေရး ဆုေတာင္းျခင္းႏွင့္ က်ိမ္စာတိုက္ျခင္းမ်ားျပဳလုပ္

ပုဂံၿမိဳ့မွာ စစ္အာဏာရွင္ျပဳတ္က်ေရး ဆုေတာင္းျခင္းႏွင့္ က်ိမ္စာတိုက္ျခင္းမ်ားျပဳလုပ္

ပုဂံတြင္ ၿမိဳ့သူၿမိဳ့သားမ်ားႏွင့္ ၿမိဳ့အနီး ေက်းရြာမ်ားတြင္ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲမ်ား ျဖစ္ေပၚေနၿပီး ယေန႔မနက္တြင္ ပုဂံရွိ ဘုရားေစတီ မ်ားသို့လွည့္လည္၍ ဆုေတာင္းျခင္းႏွင့္ က်ိမ္စာတိုက္ျခင္းကဲ့သို့ ဆႏၵျပပြဲ တစ္ခုျပဳခဲ့ၾကေၾကာင္း သိရသည္။

” ဆႏၵျပပြဲလည္း ဟုတ္ပါတယ္၊ ဆုေတာင္းပြဲလည္း ဟုတ္ပါတယ္၊ က်ိမ္စာတိုက္တယ္ ဆိုတာလည္း မွန္ပါတယ္၊ ဓေလ့အရ ဆုေတာင္းၿပီးရင္ အဲဆုေတာင္း ပ်က္ေအာင္လုပ္ရင္ က်ိမ္စာတိုက္ ေလ့ရွိပါတယ္၊ တြဲေနတာပါ၊ အခုက ပုဂံေခါတ္က ပံ့သကူဆရာေတာ္ကိုယ္တိုင္ ဦးေဆာင္ၿပီး ရွင္ဘုရင္ကိုဆႏၵျပသပိတ္ေမွာက္ၿပီး တည္ခဲ့တဲ့ ဘုရားပါ၊

သပိတ္ေမွာက္ ဘုရားပါ ၊ အခုမွ ပံ့သကူ မဟာေထဘုရားလို့ အမည္ေျပာင္းထားတာပါ၊ သပိတ္ေမွာက္ ဘုရားကေန ထီးလိုမင္းလို ဘုရားနဲ႔ ဘုရားေစတီ ငါးဆူေလာက္မွာ ဆုေတာင္းပြဲ လုပ္တာပါ၊ အဓိကက အေမစုနဲ႔သမၼတႀကီး လြတ္ဖို့၊ စစ္အာဏာရွင္ ျပဳတ္ၾကဖို့ပါပဲ”ဟု ဆႏၵျပပြဲတြင္ပါဝင္သူ မင္းနန္သူ ရြာသူတစ္ဦးက Myanmar Harp ကိုေျပာပါတယ္။ Source  ; Myanmar Harp

Unicode … ပုဂံမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆုတောင်းခြင်းနှင့် ကျိမ်စာတိုက်ခြင်းများပြုလုပ်

ပုဂံတွင် မြို့သူမြို့သားများနှင့် မြို့အနီး ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပြီး ယနေ့မနက်တွင် ပုဂံရှိ ဘုရားစေတီ များသို့လှည့်လည်၍ ဆုတောင်းခြင်းနှင့် ကျိမ်စာတိုက်ခြင်းကဲ့သို့ ဆန္ဒပြပွဲ တစ်ခုပြုခဲ့ကြကြောင်း သိရသည်။

” ဆန္ဒပြပွဲလည်း ဟုတ်ပါတယ်၊ ဆုတောင်းပွဲလည်း ဟုတ်ပါတယ်၊ ကျိမ်စာတိုက်တယ် ဆိုတာလည်း မှန်ပါတယ်၊ ဓလေ့အရ ဆုတောင်းပြီးရင် အဲဆုတောင်း ပျက်အောင်လုပ်ရင် ကျိမ်စာတိုက် လေ့ရှိပါတယ်၊ တွဲနေတာပါ၊ အခုက ပုဂံခေါတ်က ပံ့သကူဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီး ရှင်ဘုရင်ကိုဆန္ဒပြသပိတ်မှောက်ပြီး တည်ခဲ့တဲ့ ဘုရားပါ၊

သပိတ်မှောက် ဘုရားပါ ၊ အခုမှ ပံ့သကူ မဟာထေဘုရားလို့ အမည်ပြောင်းထားတာပါ၊ သပိတ်မှောက် ဘုရားကနေ ထီးလိုမင်းလို ဘုရားနဲ့ ဘုရားစေတီ ငါးဆူလောက်မှာ ဆုတောင်းပွဲ လုပ်တာပါ၊ အဓိကက အမေစုနဲ့သမ္မတကြီး လွတ်ဖို့၊ စစ်အာဏာရှင် ပြုတ်ကြဖို့ပါပဲ”ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ မင်းနန်သူ ရွာသူတစ်ဦးက Myanmar Harp ကိုပြောပါတယ်။ Source  ; Myanmar Harp

Tags:

Add a Comment

Your email address will not be published. Required fields are marked *