မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင်ဦးဆောင်တီထွင်တဲ့ လေ့လာရေး စက်ရုပ်ရဟတ်ယာဉ် အင်္ဂါဂြိုလ်ပေါ်ဆင်းသက်

မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်တီထွင်တဲ့ လေ့လာရေး စက်ရုပ်ရဟတ်ယာဉ် အင်္ဂါဂြိုလ်ပေါ်ဆင်းသက်

နာဆာက အာကာသ သိပ္ပံ ပညာရှင်တွေ ပူးပေါင်း ထုတ်လုပ်တဲ့ စက်ရုပ်ယာဉ်ဟာ အင်္ဂါဂြိုလ် မျက်နှာပြင်ပေါ်ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က အောင်အောင် မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာ အဖွဲ့က သတင်းထုတ်ပြန် လိုက်ပါတယ်။

မြန်မာ အင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး စက်ရုပ်ယာဉ် Perseverance ဟာအင်္ဂါဂြိုလ်ပေါ်ကို အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီယာဉ်ငယ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်၊ Cape Canaveral အာကာသယာဉ် လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး အင်္ဂါဂြိုလ်ကို ရောက်ရှိဖို့ မိုင်ပေါင်း (၂၉၃) သန်းနဲ့ ရက်ပေါင်း (၂၀၃) ရက် ခရီးနှင် ခဲ့ရတယ်လို့ ဆိုပါတယ် ။ ယာဉ်ငယ် ပေါ်မှာ လေးပေါင်အရွယ်ရှိ ရဟတ်ယာဉ် ငယ်လေးတစ်ခုပါသွားပြီး အဲဒီယာဉ်ငယ်က အင်္ဂါဂြိုလ်ပေါ်မှာ လေ့လာ စူးစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

နာဆာရဲ့ Ingenuity စူးစမ်း လေ့လာရေး စက်ရုပ် ယာဉ်ကို ကယ်လီဖိုးနီးယား တောင်ပိုင်းက နာဆာရဲ့ Jet Propulsion Laboratory မှာ မြန်မာ အင်ဂျင်နီယာ ဒေါ်မီမီအောင်နဲ့ အဖွဲ့က တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ Ref & Photo: NASA / Omedia

Add a Comment

Your email address will not be published. Required fields are marked *