လက်ဖက်ထမင်းဗူးတွေလှူဒါန်းရင်း ကိုယ်တိုင်လည်း ပါဝင်ဆန္ဒပြခဲ့တဲ့ အဆိုတော်Mary
Unicode … ဆန္ဒပြတဲ့သူတွေကို လက်ဖက်ထမင်းဗူးတွေ လှူဒါန်းခဲ့ပြီး ကိုယ်တိုင်လည်း ပါ ဝင်ဆန္ဒပြခဲ့တဲ့ အဆိုတော် Mary
အဆိုတော် Mary ကတော့ ဆန္ဒပြတဲ့ပြည်သူတွေနဲ့အတူ တစ်သားထဲပါဝင်ဆန္ဒ ပြခဲ့ပြီးတော့ လက်ဖက် ထမင်းဘူးများ ပါဝင်အားဖြည့်လှူဒါန်းခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားထားပါတယ်။
Mary ကတော့ U.S သံရုံး ၊ အီတလီ သံရုံး၊ စင်ကာပူ သံရုံး အပါအဝင် သံရုံး ၄ ရုံး ရှေ့မှာလည်း ပြည်သူတွေနဲ့ တစ်သားထဲ ငြိမ်းချမ်းစွာ ပါ ဝင်ဆန္ဒပြခဲ့တာပါ။
“ Mary မနေ့က Vinly ရယ် လက်ဖက်ထမင်းဗူးရယ် ဆန္ဒပြတဲ့သူတွေကို တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ခဲ့ပါတယ်။ ပြီးတော့ U.S Embassy,Italy Embassy ,Australia Embassy နဲ့ Singapore Embassy တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
U.S Embassyကလွဲရင် တစ်ခြား Embassy တွေမှာ လူအင်အား တော်တော် နည်းပါတယ်။ နောက်နေ့တွေမှာလည်း ကြုံတဲ့အခါဝင်ပြီး အားဖြည့် ပေးကြပါဦး။ အရေးတော်ပုံ အောင်ရမည်။” လို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာပါ။ Mary ကတော့ နေ့စဉ်မပြတ်ဆိုသလို ပြည်သူတွေနဲ့အတူ ဆန္ဒပြနေတာလည်း တွေ့ရပါတယ်။ Source ; Pyi Myanmar
Add a Comment
Your email address will not be published. Required fields are marked *