ရတနာကိုးသြယ္ ကၽြန္းအေခါင္းကို မျမသြဲ႕သြဲ႕ခိုင္အတြက္ ဂုဏ္ျပဳသၿဂိဳလ္ဖို့ လွူဒါန္းေပးခဲ့တဲ့ ဦးေက်ာ္သူ

ရတနာကိုးသြယ္ ကၽြန္းအေခါင္းကို မျမသြဲ႕သြဲ႕ခိုင္အတြက္ ဂုဏ္ျပဳသၿဂိဳလ္ဖို့ လွူဒါန္းေပးခဲ့တဲ့ ဦးေက်ာ္သူ

နာေရးကူညီမွုအသင္း(ရန္ကုန္) ဥကၠဌႀကီး ဦးေက်ာ္သူ အပါအဝင္ တျခားေသာအဖြဲ႕ဝင္ ေတြက မေန႔က ေသဆုံးသြားခဲ့တဲ့ ျမသြဲ႕သြဲ႕ခိုင္အတြက္ ရတ နာကိုးသြယ္ ကၽြန္းအေခါင္းကို ဂုဏ္ျပဳသၿဂိဳလ္ဖို့ လွူဒါန္းေပးခဲ့တာျဖစ္ပါတယ္။

မျမသြဲ႕သြဲ႕ခိုင္ကေတာ့ ၂၀၂၁ ခုႏွစ္ ၊ ေဖေဖာ္ဝါရီ ၁၉ရက္၊ နံနက္ ၁၁:၀၅ နာရီမွာ ကြယ္လြန္သြားခဲ့တာ ပဲျဖစ္ပါတယ္ ။ အာဇာနည္သမီးငယ္ ျမသြဲ႕သြဲ႕ ခိုင္ကို ဦးညႊတ္ အေလးျပဳပါတဲ့ အေၾကာင္းကိုလည္း ဦးေက်ာ္သူက ဆိုထားတဲ့အျပင္ “ နာေရးကူညီမွု အသင္း(ရန္ကုန္) အတြက္ကၽြန္ေတာ္၏ အႏုပညာအႀကံေပး မိတ္ေဆြႀကီးျဖစ္သူ နိုင္ငံျခား သေဘၤာသား၊ စာေရးဆရာ၊ အႏု ပညာရွင္ ကိုေမာင္ေမာင္သိန္းလွိုင္မွ ကိုယ္တိုင္ဖန္တီးကာ

(၉) ရက္ တိတိကိုေမာင္ေမာင္ သိန္းလွိုင္၊ ကိုလင္းစိန္(ခ်က္ကေလး) ႏွင့္ ကၽြန္ေတာ္တို့ ျပဳလုပ္လွူဒါန္းထားေသာ ရတနာကိုးသြယ္ ကၽြန္းအေခါင္းႀကီး ျဖင့္ ဂုဏ္ျပဳသၿဂႋဳလ္မွု ျပဳရန္အတြက္ ယေန႔နံနက္တြင္ ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ျပည္သူ႔ေဆး႐ုံသို့ အတြင္းေရးမွူး ကိုထြန္းကိုကို၊

အလွူရွင္ ကိုေမာင္ေမာင္သိန္းလွိုင္ႏွင့္ နာေရးကူညီမွု အသင္းသားမ်ား၊ပရဟိတဝန္ထမ္းမ်ားမွ ေမာ္ေတာ္ယာဥ္ သုံးစီးျဖင့္ သြားေရာက္လွူဒါန္း ပို့ေဆာင္ခဲ့ပါသည္” လို့ ဦးေက်ာ္သူက အသိေပး ေရးသားထားတာျဖစ္ပါတယ္။ မျမသြဲ႕သြဲ႕ ခိုင္၏ ေနာက္ဆုံးဈာပန အခန္းအနားကိုေတာ့ ဒီကေန႔ ေဖေဖာ္ ဝါရီလ ၂၁ ရက္ေန႔ မွာေနျပည္ေတာ္ရွိ ေကြ႕ႀကီးသုသာန္မွာ သၿဂႋဳလ္ခဲ့တယ္လို့ သိရပါတယ္။ crd ; Mi Su Mon

Unicode … ရတနာကိုးသွယ် ကျွန်းအခေါင်းကို မမြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ်ဖို့ လှူဒါန်းပေးခဲ့တဲ့ ဦးကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌကြီး ဦးကျော်သူ အပါအဝင် တခြားသောအဖွဲ့ဝင် တွေက မနေ့က သေဆုံးသွားခဲ့တဲ့ မြသွဲ့သွဲ့ခိုင်အတွက် ရတ နာကိုးသွယ် ကျွန်းအခေါင်းကို ဂုဏ်ပြုသဂြိုလ်ဖို့ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ကတော့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာ ကွယ်လွန်သွားခဲ့တာ ပဲဖြစ်ပါတယ် ။ အာဇာနည်သမီးငယ် မြသွဲ့သွဲ့ ခိုင်ကို ဦးညွှတ် အလေးပြုပါတဲ့ အကြောင်းကိုလည်း ဦးကျော်သူက ဆိုထားတဲ့အပြင် “ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက်ကျွန်တော်၏ အနုပညာအကြံပေး မိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြား သင်္ဘောသား၊ စာရေးဆရာ၊ အနု ပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန်တီးကာ

(၉) ရက် တိတိကိုမောင်မောင် သိန်းလှိုင်၊ ကိုလင်းစိန်(ချက်ကလေး) နှင့် ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ် ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှု ပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊

အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှု အသင်းသားများ၊ပရဟိတဝန်ထမ်းများမှ မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက်လှူဒါန်း ပို့ဆောင်ခဲ့ပါသည်” လို့ ဦးကျော်သူက အသိပေး ရေးသားထားတာဖြစ်ပါတယ်။ မမြသွဲ့သွဲ့ ခိုင်၏ နောက်ဆုံးဈာပန အခန်းအနားကိုတော့ ဒီကနေ့ ဖေဖော် ဝါရီလ ၂၁ ရက်နေ့ မှာနေပြည်တော်ရှိ ကွေ့ကြီးသုသာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ crd ; Mi Su Mon

Add a Comment

Your email address will not be published. Required fields are marked *