ရုပ္ရွင္ သ႐ုပ္ေဆာင္ ဒါရိုက္တာ လူမင္း ဖမ္းဆီးခံရ

သ႐ုပ္ေဆာင္လူမင္း ဖမ္းဆီးခံရ

ပုဒ္မ ၅၀၅-က ျဖင့္ အမွုဖြင့္ ခံထားရသည့္ သ႐ုပ္ေဆာင္ လူမင္းကို ယမန္ေန႕ညက လာေရာက္ ဖမ္းဆီးသြားေၾကာင္း လူမင္း၏ ဇနီးက ၎၏ အေကာင့္တြင္ Live လႊင့္ေျပာၾကား ခဲ့ပါသည္။

လာေရာက္ ဖမ္းဆီးသူမ်ားက တံခါးကိုဖ်က္၍ ဝင္ေရာက္ ဖမ္းဆီးေခၚ ေဆာင္သြားျခင္းျဖစ္ၿပီး ေခၚေဆာင္သြားသည့္ ေနရာကို ေမးျမန္းေသာ္လည္း မေျပာခဲ့ေၾကာင္း လူမင္း၏ ဇနီး ခင္စံပယ္ဦးက Live ၌ ေျပာၾကားခဲ့သည္။

လူမင္း အပါအဝင္ နာမည္ႀကီး အႏု ပညာရွင္ ေျခာက္ဦးသည္ ဝန္ထမ္းမ်ား CDM လုပ္ေဆာင္ရန္ လွုံ႔ေဆာ္သည္ ဟုဆိုကာ ၿပီးခဲ့သည့္ရက္က ဖမ္းဝရမ္းထုတ္ခံရ ျခင္းျဖစ္သည္။ Source ; 7 Day

Unicode … သရုပ်ဆောင်လူမင်း ဖမ်းဆီးခံရ

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသည့် သရုပ်ဆောင် လူမင်းကို ယမန်နေ့ညက လာရောက် ဖမ်းဆီးသွားကြောင်း လူမင်း၏ ဇနီးက ၎င်း၏ အကောင့်တွင် Live လွှင့်ပြောကြား ခဲ့ပါသည်။

လာရောက် ဖမ်းဆီးသူများက တံခါးကိုဖျက်၍ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်ပြီး ခေါ်ဆောင်သွားသည့် နေရာကို မေးမြန်းသော်လည်း မပြောခဲ့ကြောင်း လူမင်း၏ ဇနီး ခင်စံပယ်ဦးက Live ၌ ပြောကြားခဲ့သည်။

လူမင်း အပါအဝင် နာမည်ကြီး အနု ပညာရှင် ခြောက်ဦးသည် ဝန်ထမ်းများ CDM လုပ်ဆောင်ရန် လှုံ့ဆော်သည် ဟုဆိုကာ ပြီးခဲ့သည့်ရက်က ဖမ်းဝရမ်းထုတ်ခံရ ခြင်းဖြစ်သည်။ Source ; 7 Day

Tags:

Add a Comment

Your email address will not be published. Required fields are marked *