၃ပတ်အတွင်း မြန်မာငွေတန်ဖိုးက 7 ရာခိုင်နှုန်း ကျသွားပါတယ်

၃ပတ်အတွင်း မြန်မာငွေ တန်ဖိုးက 7%ကျ သွားပါတယ် အဲ့တော့ ဘာဖြစ်လဲလို့ မေးတဲ့သူတွေအတွက်

ဆန္ဒပြပွဲတွေမှာ မပါနိုင်တဲ့ ရေသန့်ပို့တဲ့ ညီလေးက ကိုကြီး ညီလေးက ရေသန့် တဗူးပို့မှ ၅၀ ရတာ စားဝတ်နေရေးအတွက် လုပ်နေရတာ။ မှန်တာပေါ့။ သူ ၆ ထပ်တိုက်ကို အခါ ၂၀ ရေ သန့်ဗူး ထမ်းပို့ မှ ၁၀၀၀ ရ ရှာတာ။ အခု သူရတဲ့ ၁၀၀၀ က ၉၃၀ ပဲ တန်တော့တယ်။

တနေ့ ၅၀၀၀ ရအောင် လျှာထွက်မတတ် နင်းရတဲ့ ဆိုက်ကား သမားကြီးက သူရှာရတဲ့ ၅၀၀၀ ဟာ ၄၆၅၀ ပဲ တန်တော့တယ်။ သူများအိမ်မှာ အိမ်ဖော်လုပ်ပြီး တလ၁ သိန်းရတဲ့ ညီမလေးက ၉၃၀၀၀ ပဲ ကျန်တော့တယ်။

Company မှာ ၁ လ ၃ သိန်းရတဲ့ လူရဲ့ ပိုက်ဆံက ၂၇၉၀၀၀ ပဲ တန်တော့တယ်။ လစာလေး ကောင်းလို့ ယူပြီးစ လင်မယားလေး သိန်း ၂၀၀ – ၃၀၀ တန် တိုက်ခန်းလေး ဝယ်မယ်လို့ စိတ်ကူးပြီး သူတို့ စုထားတဲ့ ပိုက်ဆံ လေးတွေ 7% ကျုံ့သွားပြီ။

ပင်စင်စားပြီး ဘဏ်တိုးလေးနဲ့ နှပ်တော့မယ်လို့ ဘဏ်မှာ သိန်း၁၀၀၀ ထည့်ထားတဲ့အဘိုးကြီး အဖွားကြီး လင်မယား နေရင်းထိုင်ရင်း သူတို့ပိုက်ဆံကသိန်း ၉၃၀ ဖြစ်ပြီ။ ဘဏ်ကနေ သိန်းတသောင်း ချေးပြီး အလုပ်လုပ်တဲ့ လုပ်ငန်းရှင်ကြီး ။ ချေးတုန်းက သိန်း ၁ သောင်းပေမယ့် သူလက်ထဲက ပိုက်ဆံက ၉၃၀၀ ပဲ တန်တော့တယ်။ နေရင်း ထိုင်ရင်း သိန်း ၇၀၀ ရှုံးပြီ။

ဒါတွေက နိုင်ငံရေးတွေပါ။

ငါတို့နဲ့ မဆိုင်ဘူးလို့

ပြောနိုင်သေးလား…

ပြောထွက်ရဲ့သေးလား…..

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *