အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ဦးတည်း ရွက်လွှင့်ဖြတ်သန်းတဲ့ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ဗြိတိန်သူ

အတ္တလန္တိတ်သမုဒ္ဒရာကို တစ်ဦးတည်းရွက်လွှင့်ဖြတ်သန်းတဲ့ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဗြိတိန်သူ

ဗြိတိန်နိုင်ငံက အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျက်စမင်းဟာရစ်ဆန်ဆိုတဲ့ မိန်းကလေးဟာ အတ္တလန္တိတ် သမုဒ္ဒရာကို ရွက်လှေနဲ့ တစ်ဦးတည်းဖြတ်သန်းခဲ့သူတွေထဲမှာ အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ခရီးမိုင်ပေါင်း ၃၀၀၀ ၊ ကီလိုမီတာ အားဖြင့် ၄၈၀၀ အထိရှည်လျားတဲ့ လမ်းကြောင်းကို ဖြတ်သန်းခဲ့ရပြီး စပိန် နိုင်ငံကနေ အန်တီဂွာကို ထွက်ခွာခဲ့ကာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ရက်ပေါင်းအားဖြင့် ၇၀၊ ၃ နာရီနဲ့ ၄၈ မိနစ်ကြာအောင် ဖြတ်သန်းခဲ့ရတယ်လို့ သိရပြီး ဒါဟာ တစ်ကိုယ်တော် လှော်ခတ် ရွက်လွှင့်မှုမှာလည်း ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ Atalantic Campaigns က ပြောကြားခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ကာလအတွင်း သူမဟာ တူးဖော်ရေးသဘောင်္တစ်စင်းနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့သေးတယ်လို့ သိရပြီး လှေမှောက်မလိုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအတွင်းကနေ စတင်ခဲ့တာဖြစ်ပြီးတော့ ခရီးစဉ် တစ်လျှောက်လုံး ကြီးမားတဲ့ အခက်အခဲမရှိခဲ့ဘဲ တံတောင်ဆစ်မှာ ဒဏ်ရာရရှိမှု တစ်ခုသာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ နေ့စဉ် နေ့တိုင်း မိခင်ဖြစ်သူနဲ့ ဂြိုလ်တုဖုန်းကတဆင့် စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

သူမအရင် အတ္တလန္တိတ် သမုဒ္ဒရာကို အသက်အငယ်ဆုံးနဲ့ ကူးဖြတ် နိုင်ခဲ့တဲ့ အမျိုး သမီးကတော့ အသက် ၂၂ နှစ်အရွယ် Katie Spotz ဖြစ်ပြီး အမေရိကန်သူဖြစ်ကာ ၂၀၁၀ ဇန်နဝါရီလ ၃ ရက်နေ့ကနေ မတ်လ ၁၄ ရက်အထိ ကျော်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ အသက်အငယ်ဆုံး ကျော်ဖြတ်နိုင်ခဲ့သူကတော့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ Lukas Haitzmann ဆိုသူဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းက စံချိန်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကာလတွေအတွင်း မြေပဲထောပတ်နဲ့ အီတလီနိုင်ငံထုတ်Nutella ချောကလက် တွေကိုသာ စားသုံးခဲ့တယ်လို့လည်း သူမရဲ့ တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ကာရစ်ဘီယံမှာ ရေကူးသင်ကြားမှု ပြုလုပ်နေစဉ်အတွင်း ၂၀၁၈ ရွက်လှေစီးပြိုင်ပွဲကို မြင်တွေ့ခဲ့ ရတာကနေ အခုလိုမျိုး စိန်ခေါ်မှုမှာ ပါဝင်ဖို့ စိတ်အား ထက်သန်ခဲ့ကြောင်းလည်း သူမရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

သူမရဲ့ Facebook စာမျက်နှာမှာလည်း ” လူငယ်တွေ စိတ်အားတက်ကြွလာဖို့အတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်၊ တစ်ဦးတည်းသွားတာကလည်း အဆင်ပြေတယ် ဆိုတာမျိုးကို သူတို့တွေ ခံစားမိပါလိမ့်မယ်” လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။ ကျော်ဖြတ်နိုင်မှုအပြီးမှာတော့ ဟာရစ်ဆန်ဟာ မီးရှူးမီးပန်းနှစ်ခုကို ကိုင်ဆောင်ကာ အောင်ပွဲခံခဲ့ပြီး သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားနေခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *