အကောင်ရေ သန်း၃၀တွင် တစ်ကောင်သာရှိနိုင်သည့် ရှားပါးအဝါရောင်ကျောက်ပုစွန်ကို Banana ဟုအမည်ပေး

အကောင်ရေ သန်း၃၀တွင် တစ်ကောင်သာရှိနိုင်သည့် ရှားပါးအဝါရောင်ကျောက်ပုစွန်ကို Banana ဟုအမည်ပေး

အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှ မာလေဘက်လို့ခေါ်တဲ့ ရေလုပ်သားတစ် ဦး က အလွန်ရှားပါးတဲ့ အဝါရောင် တောက်တောက် ကျောက်ပုစွန် တစ်ကောင်ကို ဖမ်းမိထားခဲ့ပါတယ်။ အကောင်ရေ သန်း ၃၀ မှာ တစ်ကောင် သာရှိနိုင်တဲ့ ရှားပါးတဲ့ အဝါရောင် ကျောက်ပုစွန် ဖြစ်တယ်လို့ သိရပါတယ်။

တီနန့်ဆိပ်ကမ်းမှ ကျောက် ပုစွန်ဖမ်းတဲ့ရေလုပ်သားဖြစ်တဲ့ မာလေက သူဖမ်းမိတဲ့ ထူးခြားတဲ့ အဝါရောင်ကျောက် ပုစွန်ကို မိန်းပြည်နယ် ဘစ်ဒီဖို့ဒ် မြို့မှ နယူးအင်္ဂလန် တက္ကသိုလ် ရေကြောင်း သိပ္ပံစင်တာကို လှူဒါန်းအပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

ခရစ္စတယ် ကျောက်ပုစွန်လို့ ခေါ်ခဲ့ကြပေမယ့် သူရဲ့ တောက်ပတဲ့အဝါ ရောင်နဲ့ ခန္ဓာကိုယ် အသွင်သဏ္ဌာန်ကြောင့် ငှက်ပျောသီးလို့ ရည်ညွှန်းပြီး Ban ana လို့ အမည်နောက်တစ်မျိုး ထပ်ပေးခဲ့ကြပါတယ်။ ကျောက်ပုစွန် အခွံမှ ရောင်ခြယ် ပစ္စည်းတွေက ပရိုတင်းတွေမှာ မျိုးဗီဇ သန္ဓေပြောင်းမှု ဖြစ်စဉ်ကြောင့် အရောင် ဖျော့လာပြီး အဝါရောင် ဖြစ်နေခဲ့တာလို့ သုတေသီ တွေက ဆိုပါတယ်။

မိန်းပင် လယ်ကွေ့မှာ ပူနွေးလာမှု အခြေအနေနဲ့ ပတ်သက်ပြီး သက်ရောက်မှုတွေ အကြောင်းကို လေ့လာဖို့ မိန်းပြည်နယ် ရေကြောင်း သယံဇာတဆီက ပေးထားတဲ့ ဒေါ်လာ ၈၆၀၀၀၀ ကို အဆိုပါ ရေကြောင်း သိပ္ပံ စင်တာကလည်း မျှဝေရရှိ သွားမှာဖြစ် ပါတယ်။

ပင်လယ်ကွေ့ ပူနွေးမှုအခြေအ နေမှာ ကျောက်ပုစွန် သားလောင်းတွေနဲ့ ကျောက်ပုစွန်တွေ အရွယ်ရောက် ကြီးပြင်းမှုအပေါ် ဘယ်လို သက်ရောက်မှုရှိနေလဲ ဆိုတာကို လေ့လာသွားကြမယ်လို့ သိရပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် Banana ရဲ့အခွံက အဝါရောင်ဖြစ်လာရ တာလို့ သုံးသပ်ထားကြပါတယ်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *