တစ်ကြိမ်တည်းထိုးနှံရမယ့် J&J ကိုဗစ်ကာကွယ်ဆေးက ထိရောက်မှုရှိတယ်လို့ အမေရိကန် FDA ထောက်ခံ

တစ်ကြိမ်တည်းထိုးနှံရမယ့် J&J ကိုဗစ်ကာကွယ်ဆေးက ထိရောက်မှုရှိတယ်လို့ အမေရိကန် FDA ထောက်ခံ

အမေရိကန် Johnson & Johnson ဆေးဝါး ကုမ္ပဏီကြီးက ထုတ်လုပ်နေတဲ့ တစ်ကြိမ်တည်းသာ ထိုးနှံရမယ့် ကိုဗစ် ကာကွယ်ဆေးဟာ အာနိသင်ပြည့်ဝပြီး ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန်ဆေးဝါး အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ရရှိမယ့် တတိယမြောက် ကိုဗစ်ကာကွယ်ဆေး ဖြစ်လာနိုင်မယ်လို့လည်း BBC က ဆိုပါတယ်။

ဒီကာကွယ်ဆေးဟာ Pfizer နဲ့ Moderna ကာကွယ်ဆေးတွေထက် ဈေးနှုန်း သက်သာတယ်လို့လည်း သိရပြီး Freezer အတွင်းမှာပဲ ထည့်သွင်းသိုလှောင်နိုင်စွမ်းရှိလို့ အလွယ်တကူ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေအရ J&J ကာကွယ်ဆေးဟာ အပြင်းအထန် ဖျားနာမှုကနေ ကာကွယ်ပေးနိုင်တယ်လို့ သိရပေမယ့်လည်း အလယ် အလတ်ဖြစ်ပွားမှုရောဂါတွေ ပါဝင်ချိန်မှာတော့ ၆၆ % ထိရောက်တယ်လို့ သိရပါတယ်။

ကုမ္ပဏီိဘက်ကတော့ ဇွန်လအကုန်မှာ ကာကွယ်ဆေးပေါင်း သန်း၁၀၀ အထိ ထုတ်လုပ်ပေးထားဖို့ သဘောတူညီထားပြီး ဗြိတိန်၊ EU နဲ့ ကနေဒါတို့ကလည်း ကိုယ်စီမှာကြားထားပြီး WHO ကလည်း Covax စီမံချက်အရ ကာကွယ်ဆေးပေါင်း သန်း ၅၀၀ အထိ ကြိုတင်မှာယူထားတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ဝေတဲ့အကျဉ်းချုပ်စာတမ်းမှာတော့J&J ဆေးဝါးဌာနခွဲJanssen က တင်ပြထားတဲ့ အချက်အလက်တွေကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

FDA က ဒီကာကွယ်ဆေးဟာ ပြင်းထန်တဲ့နာမကျန်းမှုနဲ့ ရောဂါလက္ခဏာနှစ်မျိုးလုံးကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးရှိတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ လာမယ့်လအတွင်းမှာ ကုမ္ပဏီဘက်က အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုသွားဖို့ရှိနေပြီး အမေရိကန်၊ တောင်အာဖရိက နဲ့ ဘရာဇီးလ်တို့မှာ စမ်းသပ်မှုတွေအရ ဗိုင်းရပ်စ်ရဲ့ အဆိုးရွားဆုံးအဆင့်မှာတောင် ကာကွယ်ဆေးရဲ့ ထိရောက်မှုက မြင့်မားတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေအရ ကာကွယ်ဆေးထိုးပြီး ၂၈ အကြာရလဒ်တွေမှာ အပြင်းအထန်နာမကျန်းဖြစ်မှုကို ၈၅% ကျော် ကာကွယ်ပေးနိုင်တယ်လို့ သိရပြီး ယေဘုယျအနေနဲ့ဆိုရင် ၆၆% ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံခဲ့သူတွေ သေဆုံးခြင်းလုံးဝမရှိခဲ့ဘဲ ဆေးရုံတက်ရောက်မှုလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဆေးဟာ တစ်ကြိမ်တည်းထိုးနှံရမှာဖြစ်လို့လည်း ပိုမိုအားတက်စရာကောင်းမွန်နေပြီး လာမယ့်လမှာဆိုရင် အသေးစိတ်အချက်အလက်တွေကို ပိုမိုသိရှိရဖို့လည်း ရှိနေပြီဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *