ကုလစင်မြင့်ထက်မှ ကမ္ဘာနှင့်မြန်မာသို့ ဦး​ကျော်မိုးထွန်း​ပေး​သော သတင်းစကား

ကုလစင်မြင့်ထက်မှ ကမ္ဘာနှင့်မြန်မာသို့ ဦး​ကျော်မိုးထွန်း​ ပေး​သောသတင်းစကား

ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံ အလွတ်သ​ဘော အစည်းအ​ဝေးတွင် နယူး​ယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦး​ကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံ​ ခေါင်း​ဆောင်းများကို မတရား ဖမ်းဆီးထားမှုများကို ​ဖွင့်ချပြောကြားလိုက်ပြီး ၊ မြန်မာပြည်သူများလိုလား​​သော မြန်မာ့ဒီမိုက​ရေစီ အ​ရေးအတွက် ကမ္ဘာက ပိုမိုကူညီ​ပေးကြရန်တိုက်တွန်းလိုက်သည်။

နိုင်ငံတကာ အသိုက်အဝန်းက စစ်​ကောင်စီကို ဆန့်ကျင်ပြီး မြန်မာပြည်သူများ ၏ အာဏာကို ပြည်သူများ ပြန်လည်ရရှိ​ရေးအကူအညီ ​ပေးကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းခဲ့သည်။

ထိုအပြင် မြန်မာ ပြည်သူများသို့လည်း ” မင်္ဂလာပါ၊ ညီ အစ်ကို မောင်နှမများနှင့် သွေးချင်းညီနောင် သားချင်းများခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့၊ စစ်တပ်အာ ဏာသိမ်းမှု ချက်ချင်း အဆုံးသတ် ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ကြီးဦးဝင်းမြင့်နဲ့ အခြားမတရား ထိန်းသိမ်းခံထားရသူများ ချက် ချင်းလွှတ်ပေးရေး၊

နိုင်ငံတော်အာ ဏာပြည်သူထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီ ပြန်လည် ရရှိရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဒီအရေးတော်ပုံကြီးအောင်မြင်ရေး မိမိတို့ အလွှာအသီးသီးမှ ပြည်သူ ပြည်သားများအားလုံး စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာ ကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဆက်လက် ဆောင်ရွက်သွားကြဖို့ ကိုလည်း မေတ္တာရပ်ခံတိုက်တွန်း အပ်ပါတယ်ခင်ဗျာ၊ ဒီအရေး တော်ပုံ မုချအောင်မြင်ရမည်ဖြစ် ပါသည်ခင်ဗျာ၊… ပြည်သူသာ အဓိက။ အရေးတော်ပုံ … အောင်ရ မည်။ ” ဟု လက်သုံး​ချောင်​ထောင်၍​ သတင်းစကားပါး ပြောကြားခဲ့သည်။ crd

Add a Comment

Your email address will not be published. Required fields are marked *