ကိုဗစ်စည်းကမ်း တင်းကျပ်မှုတွေကြောင့် ထရော်လီစီးပြီး မြောက်ကိုရီးယားကနေ ပြန်ခဲ့ရတဲ့ ရုရှားသံတမန်အဖွဲ့

ကိုဗစ်စည်းကမ်း တင်းကျပ်မှုတွေကြောင့် ထရော်လီစီးပြီး မြောက်ကိုရီးယားကနေ ပြန်ခဲ့ရတဲ့ ရုရှားသံတမန်အဖွဲ့

တင်းမာပြင်းထန်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မြောက်ကိုရီးယား ဆိုင်ရာ ရုရှား သံအမတ်နဲ့ သူ့ရဲ့မိသားစုဟာ ထရော်လီ တစ်စီးနဲ့အတူ ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။ BBC က ဖော်ပြခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်းအရ လက်တွန်း ရထားနဲ့အတူ လူ ၈ ဦး အထိ လိုက်ပါ သွားခဲ့တာကို မြင်တွေ့ရပြီး ဒီမတိုင်ခင်မှာတော့ သူတို့ဟာ ရထား၊ ဘတ်စ်ကားတွေ စီးနင်းခဲ့တယ်လို့ သိရ ပါတယ်။

ဒီနောက်မှာမှ ၁ ကီလီမီတာ အကွာအဝေးကို ရထားလမ်း အတိုင်း ထရော်လီ စီးခဲ့ရတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ ပြည်တွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု တစ်စုံတစ်ခုမှ မရှိဘူးလို့ ကြေညာ ထားပေမယ့် လေ့လာသူတွေကတော့ ဒီပြောဆိုမှုဟာ မဖြစ်နိုင်ဘူးလို့ ငြင်းဆန် ထားကြပါတယ်။

ပြီးခဲ့တဲ့နှစ် အစောပိုင်းကစပြီး မြောက်ကိုရီးယားဟာ သူတို့နိုင်ငံအတွင်းကို ရ ထား၊ လှည်းတွေ ဝင်ရောက်ခွင့် မပြုဖို့ တားမြစ်ထားပြီး နိုင်ငံတကာခရီးသည်တင် လေယာဉ်လိုင်းတွေလည်း ရပ်ဆိုင်းထားခဲ့ ရပါတယ်။ ဒီအတွက်ကြောင့် ရုရှား သံတမန်တွေဟာ ရွေးချယ်စရာ အနည်းငယ်သာရှိခဲ့ပြီး အဆုံးသတ်မှာ ထရော်လီပါ စီးခဲ့ရတာ ဖြစ်ပါတယ်။

” နယ်စပ်ကို တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ပြီး ခရီးသည် အသွားအလာတွေလည်း ရပ်တန့် ခဲ့တာကြောင့် ဒီတစ်မိုင် တောင်မပြည့်တဲ့ အိမ်ပြန်ခရီးလမ်းက အရမ်းကို ခက်ခဲ ရှည်လျား ခဲ့ပါတယ် ” ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာ နက သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ သံတမန်တွေဟာ ဝတ်စုံပြည့်ဝတ်ဆင်ပြီး ထရော်လီပေါ်မှာ လိုက်ပါခဲ့ရကာ ခရီးဆောင် အိတ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ရုရှားပြည်တွင်းကို ဝင်ရောက် သွားချိန်မှာတော့ သူတို့ပျော်ရွှင် နေခဲ့တာကိုလည်း ဗီဒီယို မှတ်တမ်းအရ တွေ့မြင်ရပါတယ်။ ဒီအုပ်စုမှာတော့ ရုရှသံရုံး အတွင်းရေးမှူး Vladislav Sorokin နဲ့ သူ့ရဲ့ သုံးနှစ်အရွယ် သမီးငယ် Varya တို့ ပါဝင်ခဲ့ပြီး ရထားကို ၃၂ နာရီကြာ စီးခဲ့ရကာ ဘတ်စ်ကား ၂ နာရီ ထပ်စီးခဲ့ရပြီး ပြုံယမ်းကနေ ရုရှ နယ်စပ်ထိ သွားခဲ့ရပါတယ်။

ပြုံယမ်းမှာတော့ ကိုဗစ်ဆန့်ကျင်ရေး အစီအမံတွေကို တင်းကျပ်နေအောင် ပြုလုပ်ထားလို့ ခရီးသွားလာမှုအပေါ်မှာ တော်တော်လေး အခက်တွေ့စေခဲ့ပါတယ်။ ဒါ့အပြင် အရန်တပ် တွေကိုလည်း နယ်စပ်တွေ ဘက်ဆီ စေလွှတ်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ မရှိစေဖို့ ကိုင်တွယ်နေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားဟာ ရုရှတင်မက တရုတ်နဲ့ထိစပ်နေတဲ့ နယ်နိမိတ်တလျှောက်ကိုလည်း ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *