Unicode … ပုသိမ်တွင် ဆန္ဒပြသူများ ဆက်လက်ချီတက်နိုင်ရန် လမ်းရှင်းပေးသော လင်မယား အင်အားသုံးဖမ်းဆီးခံရ
ပုသိမ်မြို့ ရွှေစည်းခုံ လမ်းဆုံတွင် ဆန္ဒပြသူများ ချီတက်လာသောကြောင့် ဆက်လက် ချီတက်နိုင်ရန် ကားများနှင့် ဆိုင်ကယ်များအား ရဲတပ်ဖွဲ့လာ သောဘက်သို့ လမ်းပိတ် ဆို့ပေးကာ ကူညီပေးနေသူ လင်မယား နှစ်ယောက်အား ရဲအင်အားများ အသုံးပြု၍ ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသော လင်မယားသည် အမှတ် ၆ ရက်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ ဆိုင်ကယ်အား ရဲတပ်ဖွဲ့မှ သိမ်းဆည်း သွားခဲ့သည် ။ မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိ ရှိရ သေးသည့် အတွက် မိသားစုမှ လိုက်လံ စုံစမ်း နေသည် ဟုလည်း သိရသည်။ Source ; Mizzima
Tags:
Add a Comment
Your email address will not be published. Required fields are marked *