ကၽြန္ေတာ္ရြံမုန္းတာက မတရားရယူထားတဲ့ အာဏာရွင္စနစ္ပါ ဒုရဲမွူးထြန္းထြန္းဝင္း

ကၽြန္ေတာ္ရြံမုန္းတာက မတရားရယူထားတဲ့ အာဏာရွင္စနစ္ပါ ဒုရဲမွူး ထြန္းထြန္းဝင္း

မႏၲေလးၿမိဳ့ အမွတ္ (၅) ရဲစခန္းမွ စခန္းမွူး ဒုရဲမွူး ထြန္းထြန္းဝင္းသည္ စစ္အာဏာရွင္ စနစ္ကို မလိုလား၍ ျပည္သူႏွင့္အတူ ပူးေပါင္းကာ CDM တြင္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔ ပါဝင္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

” အာဏာရွင္စနစ္ မျပတ္မခ်င္း တိုက္ပြဲဝင္သြားမွာ ျဖစ္ပါတယ္။ မတရားရယူသြားသူေတြဟာ မတရား လုပ္ေဆာင္ေနျခင္းဟာ သဘာဝပါ။ ျပည္သူေတြအေပၚ မတရားလုပ္ေဆာင္ ေနသည္ကို ေတြ႕ေနျမင္ေန ၾကားေနသည့္ အျပင္ ကိုယ္တိုင္လည္း ခံစားေနခဲ့ရသျဖင့္ တရားမၽွတမွုကိုလိုလားသူ ကၽြန္ေတာ့္ အဖို့ မတရား ရယူထားသူ၏ အုပ္ခ်ဳပ္မွုေအာက္ ေလာင္းရိပ္ေအာက္တြင္ အဘယ္သို့ေသာ ႏွလုံးသားျဖင့္ ဘယ္နည္းႏွင့္မၽွ ဆက္လက္ ရွင္သန္ေနထိုင္နိုင္မည့္ အင္အားမရွိေတာ့ပါ ၊ မိမိျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ႀကီးကိုလည္း ခ်စ္ျမဲ၊ ခ်စ္ဆဲပါ။ ကၽြန္ေတာ္ရြံမုန္းတာက မတရားရယူထားတဲ့ အာဏာရွင္စနစ္ပါ”ဟု CDM ျပဳလုပ္ေၾကာင္း ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူးထံ တင္ျပသည့္ စာတြင္ ေရးသားထားျခင္း ျဖစ္သည္။

စစ္အာဏာရွင္စနစ္ကို မလိုလား၍ ျပည္သူႏွင့္အတူ ပူးေပါင္းကာ CDM တြင္ ပါဝင္လိုက္သည့္ ဒုရဲမွူးထြန္းထြန္းဝင္းသည္ လူသတ္မွု၊ လုယက္မွု ႏွင့္ ေဖာက္ထြင္းမွုမ်ားကို စြမ္းစြမ္းတမံ ေဖာက္ထုတ္နိုင္ခဲ့ သူျဖစ္ၿပီး လက္ေအာက္ငယ္သားမ်ားႏွင့္ သဟဇတ ျဖစ္သူ ျဖစ္ေၾကာင္း သိရသည္ ။ လတ္တေလာမွာေတာ့ ဒုရဲမွူး ထြန္းထြန္းဝင္းသည္ တိမ္းေရွာင္ေနတယ္လို့ ၾကားသိရပါသည္။ Credit: Tachileik News Agency

Unicode … ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ ဒုရဲမှူး ထွန်းထွန်းဝင်း

မန္တလေးမြို့ အမှတ် (၅) ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထွန်းထွန်းဝင်းသည် စစ်အာဏာရှင် စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ပါဝင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

” အာဏာရှင်စနစ် မပြတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ မတရားရယူသွားသူတွေဟာ မတရား လုပ်ဆောင်နေခြင်းဟာ သဘာဝပါ။ ပြည်သူတွေအပေါ် မတရားလုပ်ဆောင် နေသည်ကို တွေ့နေမြင်နေ ကြားနေသည့် အပြင် ကိုယ်တိုင်လည်း ခံစားနေခဲ့ရသဖြင့် တရားမျှတမှုကိုလိုလားသူ ကျွန်တော့် အဖို့ မတရား ရယူထားသူ၏ အုပ်ချုပ်မှုအောက် လောင်းရိပ်အောက်တွင် အဘယ်သို့သော နှလုံးသားဖြင့် ဘယ်နည်းနှင့်မျှ ဆက်လက် ရှင်သန်နေထိုင်နိုင်မည့် အင်အားမရှိတော့ပါ ၊ မိမိမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကိုလည်း ချစ်မြဲ၊ ချစ်ဆဲပါ။ ကျွန်တော်ရွံမုန်းတာက မတရားရယူထားတဲ့ အာဏာရှင်စနစ်ပါ”ဟု CDM ပြုလုပ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြသည့် စာတွင် ရေးသားထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM တွင် ပါဝင်လိုက်သည့် ဒုရဲမှူးထွန်းထွန်းဝင်းသည် လူသတ်မှု၊ လုယက်မှု နှင့် ဖောက်ထွင်းမှုများကို စွမ်းစွမ်းတမံ ဖောက်ထုတ်နိုင်ခဲ့ သူဖြစ်ပြီး လက်အောက်ငယ်သားများနှင့် သဟဇတ ဖြစ်သူ ဖြစ်ကြောင်း သိရသည် ။ လတ်တလောမှာတော့ ဒုရဲမှူး ထွန်းထွန်းဝင်းသည် တိမ်းရှောင်နေတယ်လို့ ကြားသိရပါသည်။ Credit: Tachileik News Agency

Tags:

Add a Comment

Your email address will not be published. Required fields are marked *