ေနျခည္ဦးရဲ့ အလွူေငြကို ျငင္းပယ္လိုက္တဲ့ Rescue Task Force အဖြဲ႕

ေနျခည္ဦးရဲ့ အလွူေငြကို ျငင္းပယ္လိုက္တဲ့ Rescue Task Force အဖြဲ႕

စစ္အာဏာရွင္ ေတာ္လွန္ရာမွာ ျပည္သူေတြကို ကာကြယ္ေပးဖို့နဲ႔ ကယ္ဆယ္ေပးဖို့ ဖြဲ႕စည္းထားတဲ့ Rescue Task Force (RTF) အဖြဲ႕ဟာ ေနျခည္ဦးရဲ့ အလွူေငြကို ျငင္းပယ္လိုက္တယ္လို့ သိရပါတယ္။

လက္တေလာတြင္ အဖြဲ႕ဝင္မ်ား မ်ားျပား လာတဲ့အတြက္ ယူနီေဖာင္းမ်ား Helmet မ်ား ဒိုင္းကာမ်ား လိုအပ္တာေၾကာင့္ မိဘျပည္သူမ်ားထံ တတ္နိုင္သေလာက္ အလွူေငြမ်ား ဝိုင္းဝန္းကူညီေပးဖို့ RTF မွ ေမတၱာ ရပ္ခံခဲ့ပါတယ္။ သို့ေသာ္လည္း စစ္တပ္မိသားစုဝင္ တစ္ဦးျဖစ္ေသာ ေနျခည္ဦးရဲ့ အလွူေငြ ငါးသိန္းကို RTF မွ လက္မခံဘဲ ျငင္းပယ္လိုက္တာ ျဖစ္ပါတယ္။

ထိုကဲ့သို့ မျငင္းပယ္ခင္က ေနျခည္ဦးကို RTF ထဲက အဖြဲ႕ဝင္တစ္ဦးက ေက်းဇူးတင္ေၾကာင္း ေျပာၿပီး အန္တီေဆြကိုလဲ ေက်းဇူးတင္ေၾကာင္း ေျပာေပးပါဦးလို့ ေျပာလိုက္ တဲ့အခါ ေဝဖန္မွုေတြ ျဖစ္ေပၚ လာ တဲ့အတြက္ RTF Founder ကိုယ္တိုင္က ေနျခည္ဦးကို ဆက္သြယ္ၿပီး အလွူေငြေတြ ျပန္လႊဲေပးခဲ့ရတာ ျဖစ္တယ္လို့ သိရွိရပါတယ္။

RTF ရဲ့ Founder ကလဲ “ကၽြန္ေတာ္တို့ကို ပထမဆုံး နဲ႔ ေနာက္ဆုံးအႀကိမ္ ခြင့္လႊတ္ေပးပါခင္ဗ်ာ မိဘ ျပည္သူမ်ား အားလုံးကို ေတာင္းပန္ပါတယ္ခင္ဗ်ာ ” လို့ ေျပာထားပါေသးတယ္။ Crd ; Ayeyarwady Entertainment

Unicode … နေခြည်ဦးရဲ့ အလှူငွေကို ငြင်းပယ်လိုက်တဲ့ Rescue Task Force အဖွဲ့

စစ်အာဏာရှင် တော်လှန်ရာမှာ ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ ကယ်ဆယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ Rescue Task Force (RTF) အဖွဲ့ဟာ နေခြည်ဦးရဲ့ အလှူငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

လက်တလောတွင် အဖွဲ့ဝင်များ များပြား လာတဲ့အတွက် ယူနီဖောင်းများ Helmet များ ဒိုင်းကာများ လိုအပ်တာကြောင့် မိဘပြည်သူများထံ တတ်နိုင်သလောက် အလှူငွေများ ဝိုင်းဝန်းကူညီပေးဖို့ RTF မှ မေတ္တာ ရပ်ခံခဲ့ပါတယ်။ သို့သော်လည်း စစ်တပ်မိသားစုဝင် တစ်ဦးဖြစ်သော နေခြည်ဦးရဲ့ အလှူငွေ ငါးသိန်းကို RTF မှ လက်မခံဘဲ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

ထိုကဲ့သို့ မငြင်းပယ်ခင်က နေခြည်ဦးကို RTF ထဲက အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်ကြောင်း ပြောပြီး အန်တီဆွေကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဦးလို့ ပြောလိုက် တဲ့အခါ ဝေဖန်မှုတွေ ဖြစ်ပေါ် လာ တဲ့အတွက် RTF Founder ကိုယ်တိုင်က နေခြည်ဦးကို ဆက်သွယ်ပြီး အလှူငွေတွေ ပြန်လွှဲပေးခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

RTF ရဲ့ Founder ကလဲ “ကျွန်တော်တို့ကို ပထမဆုံး နဲ့ နောက်ဆုံးအကြိမ် ခွင့်လွှတ်ပေးပါခင်ဗျာ မိဘ ပြည်သူများ အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ ” လို့ ပြောထားပါသေးတယ်။ Crd ; Ayeyarwady Entertainment

Add a Comment

Your email address will not be published. Required fields are marked *