တိုက္ႀကီးၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး အပါအဝင္အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲ ေနျပည္ေတာ္မွ ရဲအရာရွိအခ်ိဳ့ CDMတြင္ ပါဝင္လာ

တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူးအပါအဝင္အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲ ( ေနျပည္ေတာ္)က ရဲအရာရွိအခ်ိဳ့ CDMတြင္ပါဝင္လာ

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္တာဝန္မထမ္းေဆာင္လိုေသာေၾကာင့္ဟုဆို

တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး အပါအဝင္အမွတ္ ၁၈ လုံျခဳံေရး ရဲတပ္ဖြဲ႕ခြဲ ( ေနျပည္ေတာ္) က ရဲအရာရွိအခ်ိဳ့ CDM တြင္ ပါဝင္လာၿပီဟု သိရသည္။

တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး CDMတြင္ ပါဝင္လာျခင္းႏွင့္ ပတ္သက္ၿပီး ဦးတင္ရွိန္ (အမွတ္(၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ၊ တိုက္ႀကီးၿမိဳ့နယ္) က ” တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူးဝင္းကို​သည္ ေနျပည္ေတာ္သို့ေျပာင္းေရြ႕ခံရၿပီး အာဏာသိမ္း စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္မထမ္းေဆာင္ လိုပါသျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၂ရ က္ေန႔တြင္CDM တြင္ ပါဝင္ေၾကာင္းႏွင့္ ျပည္သူ႔အစိုးရ လက္ထက္တြင္ တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သတင္းပို့ပါသည္”ဟုေျပာသည္။

အလားတူ အမွတ္ ၁၈ လုံျခဳံေရး ရဲတပ္ဖြဲ႕ခြဲ ( ေနျပည္ေတာ္)က ဒုရဲအုပ္ တစ္ဦးႏွင့္ ရဲတပ္သား သုံးဦးတို့သည္ CDM ကို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကစၿပီး ျပဳလုပ္လိုက္ၿပီဟု သိရသည္။ နိုင္ငံဝန္ထမ္းမ်ား CDM ျပဳလုပ္မွုသည္ ယခုတြင္ ပိုအရွိန္ျမင့္လာကာ ရဲတပ္ဖြဲ႕ ၊ ဥပေဒ ေရးရာနင့္ တရားေရးမွ အရာရွိ ရာထူးႀကီးပိုင္းမ်ားပါ ပါဝင္လာသည္။ Source ; Myanmar Harp Media

Unicode … တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင်အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ( နေပြည်တော်)က ရဲအရာရှိအချို့ CDMတွင်ပါဝင်လာ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တာဝန်မထမ်းဆောင်လိုသောကြောင့်ဟုဆို

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင်အမှတ် ၁၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ( နေပြည်တော်) က ရဲအရာရှိအချို့ CDM တွင် ပါဝင်လာပြီဟု သိရသည်။

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး CDMတွင် ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး ဦးတင်ရှိန် (အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ တိုက်ကြီးမြို့နယ်) က ” တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းကိုသည် နေပြည်တော်သို့ပြောင်းရွေ့ခံရပြီး အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင် လိုပါသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ရ က်နေ့တွင်CDM တွင် ပါဝင်ကြောင်းနှင့် ပြည်သူ့အစိုးရ လက်ထက်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းပို့ပါသည်”ဟုပြောသည်။

အလားတူ အမှတ် ၁၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ( နေပြည်တော်)က ဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သား သုံးဦးတို့သည် CDM ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ပြုလုပ်လိုက်ပြီဟု သိရသည်။ နိုင်ငံဝန်ထမ်းများ CDM ပြုလုပ်မှုသည် ယခုတွင် ပိုအရှိန်မြင့်လာကာ ရဲတပ်ဖွဲ့ ၊ ဥပဒေ ရေးရာနင့် တရားရေးမှ အရာရှိ ရာထူးကြီးပိုင်းများပါ ပါဝင်လာသည်။ Source ; Myanmar Harp Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *