Unicode … နာရေးကူညီမှုအသင်း (ရန်ကုန်) စီးနင်းခံရပြီး ဖျက်ဆီးခံရသည့် အခြေအနေ မြင်ကွင်းများ
နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခန်းအား ယမန်နေ့ ည၊ မတ်လ ၃ ရက်နေ့ ၊ သန်းခေါင်ယံ အချိန်က ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။ လတ်တလောတွင် မည် သည့် အကြောင်းကြောင့် ဝင်ရောက် စီးနင်း သည်ကို မသိရှိရ သေးပေ။
နာရေး ကူညီမှု အသင်း၏ အထွေထွေ အတွင်းရေးမှူး၊ သရုပ်ဆောင် ထွန်းကိုကိုက “ နာကူ အသင်းကို ဝင်စီးနေပြီ လုပ်ပါဦး” ဟု Facebook တွင် ရေးသား ထားသည်။
နာရေး ကူညီအသင်း (ရန်ကုန်) သည် ပုံမှန်နာရေး ပို့ဆောင်မှုများ အပြင် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပွဲများအတွင်း ဒဏ်ရာ ရရှိသူများ၊ ထိခိုက် သေဆုံး သူများကို ကူညီလျက် ရှိသည်။ ဓာတ်ပုံ – Ye Kyaw Thu
Tags:
Add a Comment
Your email address will not be published. Required fields are marked *