Unicode … CDMဆရာဝန်အဖွဲ့နဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုများ လိုက်လံလုပ်ပေးနေတဲ့ ပိုင်ဖြိုးသု
“CDM ဝန်ထမ်းတွေကို ကျန်းမာရေး စောင့်ရှောက်မှု သွားပေးကြတဲ့ CDM ဆရာဝန်တွေ အဖွဲ့နဲ့ လိုက်လုပ်အားပေးဖြစ်ပါတယ်… ဆရာဝန်အဖြစ်ဆေးမကုတာ ကြာပြီဖြစ်တာက တစ်ကြောင်း( ကျောင်းတုန်းကတည်းကလည်းကိုယ်က ပါချီပါချဲ့ ဆရာဝန် စာတော်တာမဟုတ်) ဆမလည်း မရှိတာမို့ ဆေးကုသမှု အပိုင်းကို တာဝန်မယူပဲ CDM သူနာပြု ဆရာမလေးတွေနဲ့ အတူ အထူးကု ဆရာဝန်တွေ မကြည့်ခင်မှာ Vital signsတွေ ယူပေးရတဲ့တာဝန်ကိုပဲ ယူခဲ့ပါတယ်…
CDM ဝန်ထမ်းတွေ အတွက် တစ်ခုခု ပြန်လည် လုပ်ပေးခွင့် ရခဲ့လို့ ပေး join တဲ့ အကိုအမတွေ သူငယ်ချင်းတွေကို အထူး ကျေးဇူးပါ… နားကြပ် မကိုင်တာ (၆) နှစ်အကြာ ပြန်ကိုင်တော့ အရင်လို ဗမာအင်္ကျီဝမ်းဆက်နဲ့ မဟုတ် ဝရမ်းပြေးဖက်ရှင်နဲ့ ဖြစ်နေရတာတော့ အမှတ်တရပါပဲ…ဦးဏကြီးရောလို့မေးရင်…ဟုတ်ကဲ့ ပါပါတယ်ရှင်(သူက CDM ဝန်ထမ်းတွေအတွက် အလှူငွေကောက်ခံ ရရှိထားတာတွေကို ဦးဆောင်သူ အမတွေလက်ထဲ လိုက်လွှဲပေးတာပါ)
ဟိုဘက်ရပ်ကွက်က ဘာစာထုတ်ထား ထုတ်ထား ကျွန်မတို့ ဒီဘက်ရပ်ကွက်က အဖက်မလုပ် ပါဘူးရှင် … ကိုယ့်လူတွေအတွက် ကိုယ်လုပ်နိုင်သမျှတော့ ရှာကြံလုပ်နေ ကြမှာပါ” လို့ ပိုင်ဖြိုးသုက ရေးသားပြောပြထားပါတယ်။ Source ; PaingPhyoThu
Add a Comment
Your email address will not be published. Required fields are marked *