အေမရိကန္ဘဏ္ကေန ေဒၚလာ တစ္ဘီလီယံကို ျမန္မာစစ္တပ္ ထုတ္ဖို့ႀကိဳးစားမွုအား တားဆီးနိုင္ခဲ့

အေမရိကန္ဘဏ္က ေဒၚလာတစ္ဘီလီယံကို ျမန္မာစစ္တပ္ ထုတ္ဖို့ႀကိဳးစားမွုအား တားဆီးနိုင္ခဲ့

အေမရိကန္နိုင္ငံ Federal Reserve ဘဏ္မွာ ျမန္မာနိုင္ငံက အပ္ႏွံ့ထားတဲ့ အေမရိကန္ ေဒၚလာ တစ္ဘီလီယံကို ျမန္မာ စစ္ေခါင္းေဆာင္ေတြက ထုတ္ယူဖို့ ႀကိဳးပမ္းခဲ့တာကို အေမရိကန္ အစိုးရက တားဆီးနိုင္ခဲ့တယ္လို့ ရိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ စစ္အစိုးရက ထိန္းခ်ဳပ္ထားတဲ့ ဗဟိုဘဏ္ တာဝန္ရွိသူသုံးေယာက္က ေဖေဖာ္ဝါရီလ (၄) ရက္မွာ ထုတ္ယူဖို့ ႀကိဳးစားခဲ့တာျဖစ္ၿပီး သူတို့ေတြရဲ့နာမည္ကိုေတာ့ အေမရိကန္ အစိုးရဘက္က ထုတ္ေဖာ္ေျပာဆိုဖို့ ျငင္းဆန္ထားပါတယ္။

ျမန္မာအစိုးရဲ့ အရံ နိုင္ငံျခားေငြ တစ္ဘီလီယံကို နယူးေယာက္ ဖက္ဒရယ္ဘဏ္က စီမံခန႔္ခြဲေနတာျဖစ္ၿပီး အဲဒီေငြေတြကို အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ခြင့္ျပဳခ်က္ ရရွိမွပဲ ထုတ္ယူနိုင္မွာ ျဖစ္ပါတယ္။ ၿမန္မာနိုင္ငံမွာ စစ္တပ္က အာဏာ သိမ္းခဲ့ၿပီးေနာက္ပိုင္း အေမရိကန္၊ ၿဗိတိန္နဲ႔ အီးယူတို့က စီးပြားေရး ပိတ္ဆို့မွုေတြ ခ်က္ခ်င္း ျပဳလုပ္ ခဲ့ပါတယ္။ Credit ; O media

Unicode … အမေရိကန်ဘဏ်က ဒေါ်လာတစ်ဘီလီယံကို မြန်မာစစ်တပ် ထုတ်ဖို့ကြိုးစားမှုအား တားဆီးနိုင်ခဲ့

အမေရိကန်နိုင်ငံ Federal Reserve ဘဏ်မှာ မြန်မာနိုင်ငံက အပ်နှံ့ထားတဲ့ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကို မြန်မာ စစ်ခေါင်းဆောင်တွေက ထုတ်ယူဖို့ ကြိုးပမ်းခဲ့တာကို အမေရိကန် အစိုးရက တားဆီးနိုင်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ စစ်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ် တာဝန်ရှိသူသုံးယောက်က ဖေဖော်ဝါရီလ (၄) ရက်မှာ ထုတ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူတို့တွေရဲ့နာမည်ကိုတော့ အမေရိကန် အစိုးရဘက်က ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။

မြန်မာအစိုးရဲ့ အရံ နိုင်ငံခြားငွေ တစ်ဘီလီယံကို နယူးယောက် ဖက်ဒရယ်ဘဏ်က စီမံခန့်ခွဲနေတာဖြစ်ပြီး အဲဒီငွေတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရရှိမှပဲ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့က စီးပွားရေး ပိတ်ဆို့မှုတွေ ချက်ချင်း ပြုလုပ် ခဲ့ပါတယ်။ Credit ; O media

Tags:

Add a Comment

Your email address will not be published. Required fields are marked *