၂၀၀၂နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တောင်တရုတ် ပင်လယ်အတွင်း ဂျာမန် စစ်သဘောင်္ လာရောက်မည်

၂၀၀၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ် ပင်လယ်အတွင်း ဂျာမန်စစ်သဘောင်္ လာရောက်မည်

လာမယ့် သြဂုတ်လအတွင်း ဂျာမန်ဖရီးဂိတ် တစ်စီးဟာ တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိလာလိမ့်မယ်လို့ ဂျာမနီအစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ၂၀၀၂ က စတင်ကာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်တရုတ်ပင်လယ်ပြင် အတွင်းရောက်ရှိ လာမယ့် ဂျာမန်စစ်သဘောင်္ ဖြစ်လာမှာလည်းဖြစ်တယ်လို့ အယ်ဂျာဇီးယား သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီစစ်သဘောင်္ဟာ တရားဝင်ရေပိုင်နက် အတွင်းတော့ ဝင်ရောက်မှာမဟုတ်ဘူးလို့ ဂျာမန် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါဟာ တရုတ်ဘက်က ညွှန်းဆိုထားတဲ့ ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးနီးပါးကို သူတို့ ပိုင်ဆိုင်တယ် ဆိုတဲ့ အချက်ကို ကိုးကားပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

စနေနေ့ကလည်းက ဗြိတိန်က သူတို့ရဲ့ ရေတပ်ကို အဆိုပါ ဒေသဆီ စေလွှတ် ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့် မေလမှာ အင်္ဂလန် ဘုရင်မကြီး အဲလစ်ဇဘက်ဟာ အပျော်ခရီးစဉ် ထွက်ခွာမယ်လို့ သိရပြီး နွေရာသီနှောင်းပိုင်းမှာ အာရှအရှေ့မြောက်ခြမ်းကို ရောက်ရှိ လာမယ်လို့ မျှော်လင့်ကြောင်း ဗြိတိန်က သတင်းထုတ်ပြန် ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်တလျှောက်မှာ တရုတ်ဟာ ကျွန်းအတုတွေဖန်တီးခဲ့ပြီးနောက် စစ်စခန်းတွေ ထူထောင် ထားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တလျှောက်မှာ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့ကလည်း သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ရှိတယ်လို့ဆိုကာ တရုတ်နဲ့ အငြင်းပွားမှုတွေ စဉ်ဆက် မပြတ်ရှိနေပြီး တရုတ် ကိုလည်း နိုင်ငံ တကာ တရားရုံးမှာ တိုင်တန်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

၂၀၁၆ အတွင်းက ဟိဂ်(The Hague) မှာတော့ ခုံသမာဓိရုံးက တရုတ်အနေနဲ့ တရားဝင်ပိုင်ဆိုင်မှု အခြေခံမရှိဘူးလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လ အတွင်းကလည်း အမေရိကန် ရေတပ်က လေယာဉ်တင်သဘောင်္တွေဟာ နိုင်ငံတကာ ရေပိုင်နက်အတွင်း လွတ်လပ်စွာသွားလာမှုဆိုတဲ့ အချက်ကို ကိုင်စွဲပြီး တောင်တရုတ်ပင်လယ်ပြင် အနီးရောက်ရှိခဲ့ကာ စစ်ရေးလေ့ကျင့်မှုအချို့ကို ပြုလုပ်ခဲ့ပါတယ်။

ဘေဂျင်းဟာ တောင်တရုတ်ပင်လယ်ကို ရယူပြီး စစ်ရေးအရ အာရှအိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ကြိုးပမ်းနေတယ်လို့ ၀ါရှင်တန်ဘက်က စွပ်စွဲခဲ့ပါတယ်။ အခုအခါ ဂျာမန်စစ်သဘောင်္ရောက်ရှိလာမယ့်အပေါ် အမေရိကန်ဘက်က ကြိုဆိုကြောင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းသွားဖို့အတွက် နိုင်ငံတကာဥပဒေတွေကို လေးစားပြီး ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွက် ဂျာမနီဘက်က ထောက်ခံမှုကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဟာ အရေးပါတယ်လို့လည်း ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ နိုင်ငံတွေအနေနဲ့ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ ရေလမ်းကြောင်းတွေကို ကောင်းကောင်းအသုံးပြုနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်းပဲ အဆိုပါဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရိပ်စစ်ငွေ့တွေသမ်းနေစေခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *