ငါးမရလို႕ စိတ္ပ်က္လက္ပ်က္နဲ႕ အိမ္ျပန္လာရင္းလမ္းမွာ ေပါင္ႏွစ္သိန္းေလးေသာင္း တန္ဖိုးရွိတဲ့ ေဝလငါး အန္ဖတ္ကို ရရွိခဲ့ၿပီး သေဌးျဖစ္ေတာ့မယ့္ ထိုင္းငါးဖမ္း သားအဖ

ငါးမရလို႕စိတ္ပ်က္လက္ပ်က္နဲ႕အိမ္ျပန္လာရင္း လမ္းမွာေပါင္ႏွစ္သိန္းေလးေသာင္း တန္ဖိုးရွိတဲ့ ေဝလငါးအန္ဖတ္ကို ရရွိခဲ့ၿပီး သေဌးျဖစ္ေတာ့မယ့္ ထိုင္းငါးဖမ္းသားအဖ

ထိုင္းငါးဖမ္းသမားဟာ အရြယ္အစား ေတာ္ေတာ္ေလးႀကီးမားတဲ့ ေဝလငါႀကီးအံဖတ္ ႏွစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ရာ ေပါင္ ႏွစ္သိန္းေလးေသာင္း အထိ တန္ဖိုးရွိတာေၾကာင့္ ေန႔ခ်င္းညခ်င္းပဲ ႂကြယ္ဝခ်မ္းသာ ေတာ့မွာျဖစ္ပါတယ္။ ငါးဖမ္းသြားရာမွာ ဘာမွရရွိခဲ့ျခင္း မရွိတာေၾကာင့္ စိတ္ပ်က္ လက္ပ်က္နဲ႔ အိမ္ျပန္လာစဥ္မွာ ရွာေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ Asaree Pooad ဆိုတဲ့ ငါးဖမ္း သမားဟာ သူ႔ရဲ့ ဖခင္နဲ႔အတူ အဂၤါေန႔က ထိုင္းေတာင္ပိုင္း၊ Satun စီရင္စုအတြင္း မုတ္သုံမိုး ရြာသြန္းေနစဥ္ ငါးဖမ္းထြက္ခဲ့ တာျဖစ္ပါတယ္။ သူတို့ႏွစ္ဦးစလုံးဟာ လက္ဗလာနဲ႔ အိမ္ျပန္လာခဲ့ရေပမယ့္လည္း ေရတိမ္ပိုင္းမွာ ထူးဆန္းတဲ့အတုံး ၂ ခု ေမ်ာေနတာကို သတိထားမိ ခဲ့ၾကတယ္လို့ ဆိုပါတယ္။

အဆိုပါ အရာႏွစ္ခုကို ျမင္ေတြ႕ စဥ္မွာ ႐ုပ္ျမင္သံၾကားကေန ၾကည့္ရွု ဖူးတဲ့ ေဝလငါး အန္ဖတ္ေတြနဲ႔ တူညီတယ္လို့ထင္ျမင္ခဲ့ၿပီး အိမ္ကို ယူေဆာင္ခဲ့ၾကပါတယ္။ အန္ဖတ္တစ္ခုကေတာ့ ၇ ကီလိုဂရမ္ အထိရွိၿပီး ေနာက္တစ္ခုကေတာ့ ၆၀၀ ဂရမ္ ရွိတယ္လို့ သိရ့ါတယ္။ အဆိုပါ ႏွစ္ခု ေပါင္းရဲ့ တန္ဖိုးဟာ ေပါင္ ႏွစ္သိန္းေလးေသာင္း အထိရွိကာ ေဒသတြင္း စြန္ခလာ တကၠသိုလ္က သိပၸံပညာရွင္ေတြက စစ္ေဆးအၿပီး မွန္ကန္ေၾကာင္း အေထာက္အထားေတြထုတ္ေပးခဲ့ပါတယ္။

လက္ရွိမွာ ဝယ္ယူလိုသူေတြကို သူတို့သားအဖႏွစ္ဦးက ဖိတ္ေခၚမွုျပဳလုပ္ထားၿပီး အစစ္အမွန္ ျဖစ္တယ္ဆိုတာကိုလည္း စမ္းသပ္နိုင္တယ္လို့ ေျပာဆိုထားပါတယ္။ ” ကၽြန္ေတာ္တို့ မုန္တိုင္းေၾကာင့္ အိမ္ကိုေစာေစာပဲ ျပန္လာ ခဲ့တယ္ ၊ ဒါေပမယ့္ အဖိုးတန္ရတနာေတြကို ကၽြန္ေတာ္တို့ ရွာေတြ႕ခဲ့ရပါတယ္” လို့ ဖခင္ျဖစ္သူက ေျပာပါတယ္။

ေရေမႊးထုတ္လုပ္တဲ့ စက္႐ုံေတြက အဝယ္မ်ားတဲ့ ေဝလငါး အန္ဖတ္အတြက္ ေအးဂ်င့္ေတြ ကိုလည္း သူတို့ သားအဖက စုံစမ္းေနၿပီး သတ္မွတ္ ထားတဲ့ ေစ်းႏွုန္း ရရွိဖို့လည္း ေမၽွာ္လင့္ေနပါတယ္။ ထိုင္းနိုင္ငံ မွာေတာ့ အခုတေလာမွာ လိေမၼာ္ေရာင္ ပုလဲေတြ မၾကာခဏ ေတြ႕ရွိေနၿပီး ေဝလငါးအန္ဖတ္ ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္း ေလာက္က ငါးဖမ္းသမားေတြ ေတြ႕ရွိခဲ့ရပါေသးတယ္။ Source ; therivernews

Unicode … ငါးမရလို့စိတ်ပျက်လက်ပျက်နဲ့အိမ်ပြန်လာရင်း လမ်းမှာပေါင်နှစ်သိန်းလေးသောင်း တန်ဖိုးရှိတဲ့ ဝေလငါးအန်ဖတ်ကို ရရှိခဲ့ပြီး သဌေးဖြစ်တော့မယ့် ထိုင်းငါးဖမ်းသားအဖ

ထိုင်းငါးဖမ်းသမားဟာ အရွယ်အစား တော်တော်လေးကြီးမားတဲ့ ဝေလငါကြီးအံဖတ် နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာ ပေါင် နှစ်သိန်းလေးသောင်း အထိ တန်ဖိုးရှိတာကြောင့် နေ့ချင်းညချင်းပဲ ကြွယ်ဝချမ်းသာ တော့မှာဖြစ်ပါတယ်။ ငါးဖမ်းသွားရာမှာ ဘာမှရရှိခဲ့ခြင်း မရှိတာကြောင့် စိတ်ပျက် လက်ပျက်နဲ့ အိမ်ပြန်လာစဉ်မှာ ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Asaree Pooad ဆိုတဲ့ ငါးဖမ်း သမားဟာ သူ့ရဲ့ ဖခင်နဲ့အတူ အင်္ဂါနေ့က ထိုင်းတောင်ပိုင်း၊ Satun စီရင်စုအတွင်း မုတ်သုံမိုး ရွာသွန်းနေစဉ် ငါးဖမ်းထွက်ခဲ့ တာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရပေမယ့်လည်း ရေတိမ်ပိုင်းမှာ ထူးဆန်းတဲ့အတုံး ၂ ခု မျောနေတာကို သတိထားမိ ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အရာနှစ်ခုကို မြင်တွေ့ စဉ်မှာ ရုပ်မြင်သံကြားကနေ ကြည့်ရှု ဖူးတဲ့ ဝေလငါး အန်ဖတ်တွေနဲ့ တူညီတယ်လို့ထင်မြင်ခဲ့ပြီး အိမ်ကို ယူဆောင်ခဲ့ကြပါတယ်။ အန်ဖတ်တစ်ခုကတော့ ၇ ကီလိုဂရမ် အထိရှိပြီး နောက်တစ်ခုကတော့ ၆၀၀ ဂရမ် ရှိတယ်လို့ သိရ့ါတယ်။ အဆိုပါ နှစ်ခု ပေါင်းရဲ့ တန်ဖိုးဟာ ပေါင် နှစ်သိန်းလေးသောင်း အထိရှိကာ ဒေသတွင်း စွန်ခလာ တက္ကသိုလ်က သိပ္ပံပညာရှင်တွေက စစ်ဆေးအပြီး မှန်ကန်ကြောင်း အထောက်အထားတွေထုတ်ပေးခဲ့ပါတယ်။

လက်ရှိမှာ ဝယ်ယူလိုသူတွေကို သူတို့သားအဖနှစ်ဦးက ဖိတ်ခေါ်မှုပြုလုပ်ထားပြီး အစစ်အမှန် ဖြစ်တယ်ဆိုတာကိုလည်း စမ်းသပ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ ” ကျွန်တော်တို့ မုန်တိုင်းကြောင့် အိမ်ကိုစောစောပဲ ပြန်လာ ခဲ့တယ် ၊ ဒါပေမယ့် အဖိုးတန်ရတနာတွေကို ကျွန်တော်တို့ ရှာတွေ့ခဲ့ရပါတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ရေမွှေးထုတ်လုပ်တဲ့ စက်ရုံတွေက အဝယ်များတဲ့ ဝေလငါး အန်ဖတ်အတွက် အေးဂျင့်တွေ ကိုလည်း သူတို့ သားအဖက စုံစမ်းနေပြီး သတ်မှတ် ထားတဲ့ ဈေးနှုန်း ရရှိဖို့လည်း မျှော်လင့်နေပါတယ်။ ထိုင်းနိုင်ငံ မှာတော့ အခုတလောမှာ လိမ္မော်ရောင် ပုလဲတွေ မကြာခဏ တွေ့ရှိနေပြီး ဝေလငါးအန်ဖတ် ကိုလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်က ငါးဖမ်းသမားတွေ တွေ့ရှိခဲ့ရပါသေးတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *