ကသာၿမိဳ့မွာ ဓါတ္ရိုက္ဓါတ္ဆင္ ယၾတာအစီအရင္ ျပဳလုပ္ၿပီးမွ ဆႏၵေဖာ္ထုတ္

ကသာၿမိဳ့မွာ ဓါတ္ရိုက္ဓါတ္ဆင္ ယၾတာအစီအရင္ျပဳလုပ္ၿပီးမွ ဆႏၵေဖာ္ထုတ္

ကသာၿမိဳ့မွာ ဒီေန႔ မတ္လ (၇) ရက္ မနက္ပိုင္းက စစ္အာဏာရွင္ စနစ္ က်ဆုံးေရးအတြက္ ဆႏၵေဖာ္ထုတ္ဖို့ လာၾကသူေတြက စုရပ္မွာ “တေပါင္းကူးရင္ အေၾကာင္းထူး ေစရမယ္ေဟ့” ဆိုတဲ့ ဓါတ္ရိုက္ဓါတ္ဆင္ ယၾတာျပဳလုပ္ၾကၿပီးမွ ဆႏၵေဖာ္ထုတ္ တာကို စတင္ခဲ့ၾကပါတယ္။

အစီအရင္အတြက္ အပင္တစ္ရာမွာ တစ္ပင္ေပါက္ခဲတဲ့ ငွက္ေပ်ာပင္ကို ရွာေဖြခဲ့ရကာ ငွက္ေပ်ာပင္မွာ ” စစ္အာဏာရွင္ ” လို့ေရးထားၿပီး ငွက္ေပ်ာပင္ထိပ္ဖ်ားက ဓါတ္ပုံ တစ္ခုမွာေတာ့ “အံ တံ ၊ တံ အံ ” ဆိုတဲ့ စာသားေရးထားပါတယ္။ ငွက္ေပ်ာပင္စည္က ေဖာက္ထြက္ေနတဲ့ ငွက္ေပ်ာဖူး ငွက္ေပ်ာခိုင္ေနရာမွာေတာ့ ” သား မ်ား စစ္ ရဲ ” ဆိုတဲ့ စာသားေရးထားၿပီး သဲထည့္ထားတဲ့ ျခင္းတစ္လုံးထဲမွာ စိုက္ထူထားတာ ေတြ႕ရပါတယ္။

အစီအရင္ လုပ္ရတဲ့ အေၾကာင္းကို ကသာၿမိဳ့ေဒသခံ တစ္ဦးက ခုလိုေျပာပါတယ္။ “တေပါင္းလထဲ ေရာက္ရင္ ျပည္သူေတြ ကိုယ္စိတ္ႏွလုံး ေအးခ်မ္းေကာင္းမြန္ပါၿပီ ။ တေပါင္းကူးရင္ အေၾကာင္းထူးမယ္ ဆိုတဲ့ သေဘာတရားေပါ့။ ငါးရက္ ေလာက္ပဲ လိုေတာ့တာပါ။ ျမန္မာျပည္သူ ျပည္သား အားလုံးအတြက္ အေရးေတာ္ပုံႀကီး ေအာင္ျမင္ၿပီး စစ္အာဏာရွင္စနစ္က်ဆုံးဖို့ ဓါတ္ရိုက္ ဓါတ္ဆင္ျပဳလုပ္ၿပီး ဆႏၵေဖာ္ထုတ္ဖို့ ခ်ီတက္ၾကတာ”

ဆႏၵေဖာ္ထုတ္ဖို့ လာေရာက္ၾကသူေတြက ဓါတ္ရိုက္ ဓါတ္ဆင္ ျပဳလုပ္ထားတဲ့ ယၾတာ ငွက္ေပ်ာပင္ကို ေရေလာင္းၿပီး ဆြဲလွဲၾက ပါတယ္။ ေျခေထာက္ေတြနဲ႔ နင္းေျခရင္း “တေပါင္းကူးရင္ အေၾကာင္းထူးေစရမယ္ေဟ့ စစ္အာဏာရွင္စနစ္ အျမန္ဆုံးက်ဆုံးပါေစ” လို့ ေႂကြးေၾကာ္ ခဲ့ၾကပါတယ္။ အာဏာရွင္ စနစ္ က်ဆုံးေရးအတြက္ ကသာၿမိဳ့အျပင္ ပုဂံေဒသမွာလည္း က်ိန္စာတိုက္တာေတြ၊ ယၾတာေခ်တာေတြ ျပဳလုပ္ၾကတာကိုေတြ႕ရပါတယ္။ Crd ; Voice Of Myanmar Media

Unicode … ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင်ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်

ကသာမြို့မှာ ဒီနေ့ မတ်လ (၇) ရက် မနက်ပိုင်းက စစ်အာဏာရှင် စနစ် ကျဆုံးရေးအတွက် ဆန္ဒဖော်ထုတ်ဖို့ လာကြသူတွေက စုရပ်မှာ “တပေါင်းကူးရင် အကြောင်းထူး စေရမယ်ဟေ့” ဆိုတဲ့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာပြုလုပ်ကြပြီးမှ ဆန္ဒဖော်ထုတ် တာကို စတင်ခဲ့ကြပါတယ်။

အစီအရင်အတွက် အပင်တစ်ရာမှာ တစ်ပင်ပေါက်ခဲတဲ့ ငှက်ပျောပင်ကို ရှာဖွေခဲ့ရကာ ငှက်ပျောပင်မှာ ” စစ်အာဏာရှင် ” လို့ရေးထားပြီး ငှက်ပျောပင်ထိပ်ဖျားက ဓါတ်ပုံ တစ်ခုမှာတော့ “အံ တံ ၊ တံ အံ ” ဆိုတဲ့ စာသားရေးထားပါတယ်။ ငှက်ပျောပင်စည်က ဖောက်ထွက်နေတဲ့ ငှက်ပျောဖူး ငှက်ပျောခိုင်နေရာမှာတော့ ” သား များ စစ် ရဲ ” ဆိုတဲ့ စာသားရေးထားပြီး သဲထည့်ထားတဲ့ ခြင်းတစ်လုံးထဲမှာ စိုက်ထူထားတာ တွေ့ရပါတယ်။

အစီအရင် လုပ်ရတဲ့ အကြောင်းကို ကသာမြို့ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။ “တပေါင်းလထဲ ရောက်ရင် ပြည်သူတွေ ကိုယ်စိတ်နှလုံး အေးချမ်းကောင်းမွန်ပါပြီ ။ တပေါင်းကူးရင် အကြောင်းထူးမယ် ဆိုတဲ့ သဘောတရားပေါ့။ ငါးရက် လောက်ပဲ လိုတော့တာပါ။ မြန်မာပြည်သူ ပြည်သား အားလုံးအတွက် အရေးတော်ပုံကြီး အောင်မြင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးဖို့ ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်ဖို့ ချီတက်ကြတာ”

ဆန္ဒဖော်ထုတ်ဖို့ လာရောက်ကြသူတွေက ဓါတ်ရိုက် ဓါတ်ဆင် ပြုလုပ်ထားတဲ့ ယတြာ ငှက်ပျောပင်ကို ရေလောင်းပြီး ဆွဲလှဲကြ ပါတယ်။ ခြေထောက်တွေနဲ့ နင်းခြေရင်း “တပေါင်းကူးရင် အကြောင်းထူးစေရမယ်ဟေ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ” လို့ ကြွေးကြော် ခဲ့ကြပါတယ်။ အာဏာရှင် စနစ် ကျဆုံးရေးအတွက် ကသာမြို့အပြင် ပုဂံဒေသမှာလည်း ကျိန်စာတိုက်တာတွေ၊ ယတြာချေတာတွေ ပြုလုပ်ကြတာကိုတွေ့ရပါတယ်။ Crd ; Voice Of Myanmar Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *