အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ဖို့အတွက် ပြင်ဆင်ထားတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ဂျပန် အဖွားအို

အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ဖို့အတွက် ပြင်ဆင်ထားတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဖွားအို

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်နိုင်ငံက အသက် ၁၁၈ နှစ်အရွယ် အဖွားအိုဟာ ဂျပန်မှာပြုလုပ်မယ့် အိုလံပစ်ပွဲတော်အတွက် မီးရှူးတိုင်ကို မီတာ ၁၀၀ အထိ သယ်ဆောင် ပေးနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ Kane Tanaka လို့ အမည်ရတဲ့ အဖွားအိုဖြစ်ပြီး ဒီလို သယ်ဆောင်ရာမှာ သူမ အနေနဲ့ ဘီးတပ် ကုလားထိုင်ကို အသုံးပြုရမယ်လို့လည်း ဆိုပါတယ် ။

သူမအနေနဲ့ မီးရှူးတိုင် သယ်ဆောင်မယ့် အကွာအဝေး အများစုကို ဘီးတပ်ကုလား ထိုင်နဲ့သာ သွားလာမှာဖြစ်ပြီး နောက်ဆုံးရောက်ရှိချိန် နားနီးမှာမှ လမ်းလျှောက်ကာ သယ်ဆောင်ဖို့လည်း စီစဉ်ထားကြောင်း ဆိုပါတယ်။Fizzy အချိုရည်နဲ့ ချောကလက်ကို နှစ်သက်စွာ စားသုံးလေ့ရှိတဲ့ အဖွားအိုဟာ မီးရှူးတိုင် သယ်ဆောင်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ မပြုလုပ်ထားပေမယ့်လည်း သူမရဲ့ မိသားစုက သင်ကြားပေး နေတယ်လို့လည်း သိရပါတယ်။

မြေးဖြစ်သူ Eiji ကတော့ အဖွားဖြစ်သူရဲ့ ဆန္ဒကို သူမရဲ့ ကျန်းမာရေးနဲ့ ရာသီဥတု အခြေအနေတွေ ကသာ တားဆီးနိုင် လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ” ဒီအသက် အရွယ်ထိ တက်ကြွမှု အပြည့်နဲ့ အသက်ရှင် နေထိုင်နေနိုင်တဲ့ အတွက် တကယ် ဝမ်းသာ ရပါတယ်၊ အခြားသူတွေကိုလည်း ဒါကို သိစေချင်ပြီး စိတ်အားတက်ကြွ စေချင်ပါတယ်၊ အသက်အရွယ်က အတားအ ဆီး မဟုတ်ပါဘူး” လို့ CNN ကို ပြောဆိုခဲ့ပါတယ်။

အဖွားအိုဟာ ကမ္ဘာ့အသက် အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ် ကိုလည်း ရယူချင်နေတယ်လို့ မြေးဖြစ်သူက ထပ်လောင်းပြောဆို ခဲ့ပါသေးတယ်။ လက်ရှိမှာ ကမ္ဘာ့ အသက်အကြီးဆုံးအဖြစ် ပြင်သစ် အမျိုးသမီး Jeanne Louise Calment က မှတ်တမ်းဝင်ထားပြီး အသက် ၁၂၂ နှစ်နဲ့ ၁၆၄ ရက်အထိ အသက် ရှည်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Tanaka ကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်းက ဂျပန်နိုင်ငံသမိုင်းမှာ အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင် ထားခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူနာပြုအိမ်မှာ နေထိုင်နေတဲ့ Tanaka ဟာ CNN နဲ့ အင်တာဗျုး နေစဉ်အတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ သေးတယ်လို့ သိရပါတယ်။ သူမဟာ ကင်ဆာ ရောဂါအတွက် တိုက်ပွဲနှစ်ကြိမ် ဝင်ခဲ့ရပြီး သူမဘဝမှာ ကပ်ရောဂါကြီးနှစ်ခုကိုလည်း ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာ ကိုဗစ်နဲ့ နောက်တစ်ခုကတော့ ၁၉၁၈ က စပိန်တုပ်ကွေး ကပ်ရောဂါပဲ ဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *