Unicode … သဇင်ထူးမြင့်အပါအဝင် ဦးခင်လှိုင်တို့တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရ
” အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့ သဲတို့ မိသားစု တစ်ယောက် တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ … အနုပညာရှင်တွေကို cdm ငွေတွေ လိမ်ပါတယ်ဆိုတဲ့ သတင်းနဲ့တကွ တင်ထားတာတွေ တွေ့နေပါတယ်… ဝရမ်းပြေးတင်မ ဟုတ် ငွေလိမ်သွားတဲ့သူတွေ အဆင့်ထိ အရှက်ခွဲခံနေရတာ မိုက်ရိုင်း လွန်းတယ်….အသွေးသားထဲထိ နာတယ်နော်…
လောလောဆယ်မှာ ဖေဖေရော အဆင်ပြေပါ့မလား ကိုကြီးတွက်လည်း စိတ်ပူနေရတယ် ကိုယ်တိုင် လုံခြုံဖို့တွက်လည်း ပူရပြန်တယ် ပြည်သူတွေအားလုံးတွက် ပူပန်နေရတယ် တစ်ယောက် တစ်နေရာစီနဲ့ ဘယ်တော့များမှ မိသားစုတွေ ပြန်ဆုံခွင့် ရမှာလဲ
အရှေ့ထွက်လို့ မရပေမယ့်လည်း နောက်ကွယ်ကနေ ဆက်ပြီး အတတ်နိုင်ဆုံ းလုပ်သွားမယ် လှူသွားမယ် အိမ်ပြန်ချင်တဲ့တွက် အရေးတော်ပုံ အောင်ကိုအောင်ရမယ် ” ဆိုပြီး သဇင်ထူးမြင့်က တင်ထားတာပဲဖြစ်ပါတယ်။ crd
Add a Comment
Your email address will not be published. Required fields are marked *