အသက်ငါးနှစ်အရွယ် အမြွာလေးတွေကို အရင်ဘဝက ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မိဘတွေက လက်ထပ်ထိမ်းမြားပေးခဲ့တဲ့ဖြစ်ရပ်

အသက်ငါးနှစ်အရွယ် အမြွာလေးတွေကို အရင်ဘဝကချစ်သူတွေဖြစ်ခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မိဘတွေက လက်ထပ်ထိမ်းမြားပေးခဲ့တဲ့ဖြစ်ရပ်

အသက်ငါးနှစ်အရွယ်သာ ရှိသေးတဲ့ ထိုင်းအမြွာပူးဟာ ပြီးခဲ့တဲ့ ဘဝမှာ ချစ်သူတွေဖြစ်ခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင် မိဘတွေက ယုံကြည်ခဲ့ပြီးနောက်မှာ လက်ထပ်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ မတ်လ ၄ ရက်နေ့က Nakhon Si Thammarat က နေအိမ်မှာ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ယောက်ျားလေး ဖြစ်သူက အကြီးဖြစ်ပြီး ညီမဖြစ် သူကတော့ အငယ်ဖြစ်ကာ သူတို့ရဲ့ မိဘ တွေကတော့ အသက် ၃၀ အရွယ်သာ ရှိသူတွေ ဖြစ်ပါတယ် ။ ထိုင်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ မိဘ နှစ်ပါးဟာ အမြွှာလေးတွေမွေးဖွားခဲ့တာဟာ အရင်ဘဝက ချစ်သူအဖြစ်နဲ့ ရှိနေခဲ့တာလို့ ယုံကြည် လက်ခံခဲ့ရပြီး လက်ထပ်ခြင်း မတိုင်ခင်မှာ ကွဲကွာခဲ့ကြတာဖြစ်တယ်လို့ သက်ဝင်ခဲ့ကြပါတယ်။

ဒါ့အပြင် အခုဘဝမှာ အမြွာတွေအဖြစ် မွေးဖွားလာပြီးနောက် လက်မထပ်ဘဲ နေခဲ့ရင် ဘဝမှာ တိုတောင်းစွာနဲ့ပဲ အသက်ရှင် နေထိုင်ကြရမယ် လို့လည်း ယုံကြည်ကြ ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ Weeraska နဲ့ သူ့ရဲ့ ဇနီးတို့ဟာ ဆွေမျိုး သားချင်းတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ကြားခဲ့ကြပြီး မိခင်ဖြစ်သူ Rewadee ကတော့ ဂုဏ်ယူမိတယ်လို့ ပြောဆိုခဲ့ပါတယ်။

” အမြွာလေးတွေ ရရှိခဲ့လို့ ကျွန်မ ကံကောင်းတယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့်လည်း သူတို့ရဲ့ ပြီးခဲ့တဲ့ ဘဝတွေမှာ ဖြစ်ပျက်ခဲ့မှုတွေက ထပ်ဖြစ်လာမယ် ဆိုတာကိုလည်း စိုးရိမ်မိပါတယ်၊ ဒီအတွက် သူတို့ကို လက်ထပ်ထိမ်းမြား ပေးတာက ဒီကံဆိုးမှုတွေကို ချေဖျက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းရိုးရာ ဓလေ့အတိုင်း မင်္ဂလာပွဲဆင်နွှဲခဲ့ကြတာဖြစ်ပြီးတော့ အကအလှတွေ၊ ချီတက်ပွဲတွေ အစရှိတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ထိုင်းဘုန်းတော်ကြီးတွေက မင်္ဂလာပွဲကို ကြွမြန်းလာခဲ့ပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ကြ ပါတယ် ။ မင်္ဂလာ ပွဲအပြီးမှာ အမြွာလေးတွေ နဲ့အတူ ဧည့်သည်တွေ၊ မိဘတွေဟာ အကပါတီပွဲ ဆင်နွဲခဲ့ကြပြီး ဖခင်ဖြစ် သူကတော့ သူတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

” မတူညီိတဲ့ အမြွာကလေးတွေကို မွေးဖွားခဲ့တယ်ဆိုရင် သူတို့ကို သေချာပေါက် လက်ထပ်ပေးတာ ဒါမှ မဟုတ်ရင်တော့ သူတို့ထဲက တဦးဦးက သူတို့ရဲ့ ဘဝနောက်ပိုင်းမှာ ကျန်းမာရေးဆိုးရွားမှုတွေ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဒီမင်္ဂလာပွဲဟာ အမှန်တကယ် တရားဝင် လက်ထပ်ထိမ်းမြားတာမဟုတ်ဘဲ ကံအလှည့်အပြောင်း ဖြစ်စေဖို့အတွက် သက်သက်သာ ရည်ရွယ်တာမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

” သူတို့တွေကို လုံခြုံအောင် လုပ်ပေးဖို့ အတွက်ပဲ ကျွန်တော်တို့ ပြုလုပ်ခဲ့တာပါ၊ သူတို့ကို နာဖျားတာမျိုး မဖြစ်စေချင်ဘူး၊ ဒီအတွက်ကြောင့် ယုံကြည်မှုကို လိုက်နာမယ်ဆိုရင် ဒါတွေဖြစ်လာမှာ မဟုတ်ပါဘူး ” လို့ ဖခင်ဖြစ်သူက ထပ်မံပြောဆို ခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *