လွန်ခဲ့တဲ့ ၇ နှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့ မလေးရှားလေယာဉ် MH370 နဲ့ ပတ်သက်ပြီး သဲလွန်စတွေ ထွက်ပေါ်လာ

လွန်ခဲ့တဲ့၇နှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့တဲ့ မလေးရှားလေယာဉ် MH370 နဲ့ ပတ်သက်ပြီး သဲလွန်စတွေ ထွက်ပေါ်လာ

၂၀၁၄ ခုနှစ်တုန်းက ကွာလာလမ်ပူကနေ ဘေဂျင်းကို ထွက်ခွာခဲ့တဲ့ မလေးရှား လေယာဉ် MH370 ပျောက်ဆုံးခဲ့မှုဟာ အခုအခါမှာတော့ ပြန်လည်ပြီးလှုပ်ရှား သက်ဝင် လာခဲ့ပါပြီ။ ခရီးသည် ၂၃၉ ဦးတင်ဆောင်လာခဲ့တဲ့ ဒီလေယာဉ်ဟာ ပျက်စီးပျက်ကျခဲ့တယ်လို့ ယူဆခဲ့ရပေမယ့် ခိုင်လုံတိကျတဲ့ သက်သေ အထောက်အထားတွေ မတွေ့ရှိခဲ့ရသလို ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရာမှာလည်း လုံလောက်တဲ့ တွေ့ရှိမှုမျိုး မရှိခဲ့ပါဘူး။

အခုအခါမှာတော့ သက်သေ အထောက် အထားသစ်တွေ တွေ့ရှိခဲ့ရပြီ ဖြစ်လို့ ရှာဖွေမှုတွေကို ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း စုံစမ်းရှာဖွေရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ Peter Foley က ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ပဟေဠိ ဆန်ဆန် ပျောက်ဆုံးခဲ့တဲ့ ဒီလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်တွေ့ရှိ ခဲ့ရတယ်လို့ ယုံကြည်ရပြီး အိန္ဒိယ သမုဒ္ဒရာကြမ်းပြင်မှာ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ရှာဖွေရေးအဖွဲ့တွေဟာ ဒေါ်လာသန်း ၂၀၀ ကျော် အထိ အကုန်အကျခံကာ ရှာဖွေမှုတွေ ပြုလုပ် ခဲ့ပေမယ့်လည်း လေယာဉ် ကိုယ်ထည်ကို မတွေ့ရှိ ခဲ့ကြပါဘူး။ လေယာဉ်ကိုယ်ထည်ကို ရှာမတွေ့ခဲ့ပေမယ့် အစိတ်အပိုင်းအနည်းငယ်ကိုတော့ Mauritius, Madagascar ၊ တန်ဇန်နီးယားနဲ့ တောင်အာဖရိကမှာရှိတဲ့ ပင်လယ်ပြင်ထဲမှာ တွေ့ရှိခဲ့ကြပါတယ်။

တောင်အာဖရိကမှာ တွေ့ရှိခဲ့တဲ့ လေယာဉ်တောင်ပံတွေကို လေ့လာခဲ့ပြီးနောက် ရှာဖွေရေး အသစ်တစ်ခု ပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ အရဆိုရင် ကျွမ်းကျင် သူတွေက လေယာဉ်ဟာ မြန်နှုန်းမြင့်နေခဲ့ပြီး လေယာဉ်မှူးတွေအနေနဲ့ ထိန်းချုပ်နိုင်ခဲ့ခြင်းရှိပုံမရဘူးလို့ ကောက်ချက်ချ ထားကြောင်း ပါဝင်ခဲ့ပါတယ်။

သမုဒ္ဒရာထဲ ပျက်ကျမှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ထားတဲ့ လေယာဉ်လမ်းကြောင်းအရ သြစတြေးလျ အနောက်ပိုင်းရှိ ကိတ်လူဝင်ပြည်နယ်ရဲ့ အနောက် ဘက်မိုင် ၁၂၀၀ ဧရိယာမှာ ဖြစ်နိုင်ချေ ရှိတယ်လို့လည်း ညွှန်ပြထားကြောင်းဆိုပါတယ်။ အဆိုပါ ဧရိယာဟာ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးချောက်ကြီး တွေနဲ့ ရေအောက် တောင်တန်းတွေ ရှိမှုကြောင့် လူသိများရာ နေရာဖြစ် ပါတယ်။

ဆိုနာ ( အသံလှိုင်းဖြင့် ရှာဖွေခြင်း ) နဲ့ ရေအောက် မိုင်ငါးသောင်းအထိကို Foley နဲ့ အဖွဲ့က ရှာဖွေခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိဘဲ ကမ္ဘာ့အကြီးမားဆုံး ရှာဖွေမှုအဖြစ်နဲ့သာ ကျန်ရစ်ခဲ့ပါတယ်။ မလေးရှား အစိုးရကတော့ ရှာဖွေရေး မစ်ရှင် အသစ်တွေကို ခိုင်လုံတဲ့ အထောက် အထား အသစ် တွေနဲ့သာ တည်ဆောက်မယ်လို့ ပြောကြားထားပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *