၃၅ဒေါ်လာနဲ့ဝယ်ယူခဲ့တဲ့ ပန်းကန်လုံးက ဒေါ်လာ ၅ သိန်းအထိ တန်ဖိုးရှိနေတဲ့ ရှေးဟောင်းပစ္စည်းဖြစ်နေ

၃၅ ဒေါ်လာနဲ့ဝယ်ယူခဲ့တဲ့ ပန်းကန်လုံးက ဒေါ်လာ ၅ သိန်းအထိ တန်ဖိုးရှိနေတဲ့ ရှေးဟောင်းပစ္စည်းဖြစ်နေ

အမေရိကန်၊ ကော်နက်တီကပ် ဒေသအတွင်းမှာ ၃၅ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ သေးငယ်တဲ့ ပန်းကန်ငယ်လေး တစ်ခုဟာ ၁၅ ရာစု က အသုံးပြုခဲ့တဲ့ တရုတ်ရှေးဟောင်း ပစ္စည်းတစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ အပြာရောင် နဲ့ အဖြူရောင် ရောယှက်ထားပြီး ကြာပွင့်ပန်းသဏ္ဍာန်တွေနဲ့ အနုစိတ်စီခြယ်ထားတဲ့ ပန်းကန်လုံးလည်း ဖြစ်ပါတယ်။

ဒီပန်းကန်လုံးရဲ့ ရာဇဝင်ကို လိုက်လံ စုံစမ်းခဲ့ပြီးနောက် မင်မင်းဆက် ခေတ်က အသုံးပြုခဲ့တာလို့ အတည်ပြုနိုင်ခဲ့ပြီး လက်ရှိမှာ ဒေါ်လာ ငါးသိန်းအထိ တန်ကြေး ရှိသွားပြီလို့ နယူးယောက်မြို့က Sotheby လေလံအိမ်က ဆိုပါတယ်။ နောက်လ အတွင်းမှာ လေလံပွဲ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပန်းကန်လုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။

ပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ကမ်းရိုးတန်းမြို့ New Haven မှာ ထွက်ပေါ် လာခဲ့တာဖြစ်ပြီး တရုတ်အနုပညာဌာန အကြီအကဲ Angela McAteer က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ရာမှာ ၃၅ ဒေါ်လာထက် ပိုမပေးခဲ့ရ ဘူးလို့လည်း သိရပါတယ်။

ဝယ်ယူသွားသူဟာ အဆိုပါ ပန်းကန် ဓာတ်ပုံတွေကို လေလံပွဲကျွမ်းကျင်သူတွေဆီ ပို့ခဲ့ပြီး ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာကို သတ်မှတ်နိုင်ခဲ့ပါတယ်။ ” အဲဒီလို စိတ်ခံစားမှုမျိုးကို ကျွန်တော်တို့ အများကြီး ခံစားခဲ့ရတယ်” လို့ McAteer က ရှေးဟောင်းပစ္စည်း ဖြစ်မယ်ဆိုတဲ့ ခံစားမှုကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးတ့အခါမှာ ၁၄၀၃ ခုနှစ် ကနေ ၁၄၂၄ အထိ အုပ်ချုပ်ခဲ့တဲ့ Yongle အင်ပါယာ ခေတ်က နန်းတော်မှာ အသုံးပြုခဲ့တာလို့ သိရှိခဲ့ရ ပါတယ်။ အဆိုပါ ကာလဟာ ကြွေထည် နည်းပညာတွေနဲ့ ပတ်သက်ပြီး ထူးခြား ထင်ရှားခဲ့တဲ့ ခေတ်ဖြစ်ပြီး ဒီပန်းကန် ကလည်း တစ်ခုအပါ အဝင်ဖြစ်ခဲ့ကာ တန်ဖိုးအားဖြင့် ကြီးမား သွားခဲ့ပါတယ်။

ကြာပန်းကန်လို့လည်း သိကြတဲ့ ပန်းကန်ကို ဒေါ်လာ သုံးသိန်းနဲ့ ငါးသိန်းကြား ဈေးနှုန်း သတ်မှတ်ထားပြီး ဝယ်ယူခဲ့တဲ့ ပမာဏထက် အဆပေါင်း ၁၄ ၃၀၀ အထိ ရှိနေတာဖြစ်ပါတယ်။ ” ဒီပန်းကန်လုံးက မယုံနိုင်လောက်အောင် ချောမွေ့တဲ့ကြွေထည် ကိုယ်ထည်တစ်ခုရယ်၊ ချောမွေ့တဲ့အရောင်တင်ထားမှုတွေ ပါဝင်နေပါတယ်” McAteer က ဆိုပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *