ခင်များတို့မှာ အမာရွတ်တွေမရှိသရွှေ့ ဒဏ်ရာတွေနဲ့လူတွေကို နားလည်ပေးနိုင်ဦးမှာမဟုပ်ဘူး

ခင်များတို့မှာ အမာရွတ်တွေ မရှိသရွှေ့ ဒဏ်ရာတွေနဲ့လူတွေကို နားလည်ပေးနိုင်ဦးမှာ မဟုပ်ဘူး

လောင်ဇူ ပါးရိုက်ခံရခြင်း

တစ်ခါတုန်းက တရုတ်ပြည်ရဲ့ ချူမင်းဆက်မှာ ဘုရ င့်ကိုးကွယ်ခံ ပညာရှိကြီး လောင်ဇူဟာ သူ့တပည့် တစ်ပန်းများနဲ့အတူ လူစည်ကားရာ လမ်းခွဆုံမှာ မေတ္တာတရား အကြောင်း ဟောပြော နေသတဲ့။

အဲ့ဒီ အချိန်တုန်းက တရုတ်ပြည်ဟာ အနောက်ဘက် အရပ်က လူရိုင်းတွေရဲ့ ထိုးနှက်၊ လုယက်မှု ဒဏ်ကို အပြင်းထန် ခံနေရချိန်ဖြစ်လို့ တွန်းလှန်ဖို့ ကြိုးစားနေရချိန် ဖြစ်တယ် ။ လောင်ဇူက လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ် … စသဖြင့် ဟောပြော နေတာပေါ့။

အဲ့ဒီအချိန်မှာ လောင်ကွန်း ဆိုတဲ့ လူငယ်လေးတစ်ယောက် ရောက်လာပြီး လောင်ဇူကို ဘာမပြော ညာမပြောနဲ့ ပါးဆွဲရိုက်လိုက်ပါသတဲ့ ။ လူထုပရိသတ် ရှေ့မှာလည်းဖြစ် ၊ တပည့်တပန်းတွေ ရှေ့မှာလည်းဖြစ်တော့ ပညာရှိကြီး လောင်ဇူဟာ ရှက်လည်းရှက် ဒါသလည်းထွက်ပြီး ‘အဲ့ဒီကောင်ကို ဖမ်းပြီး နာ နာ ဆုံးမလိုက်စမ်း’ လို့ သူ့တပည့်တွေကို အမိန့်ပေးလိုက်တယ်။

သူ့တပည့်တွေကလည်း လောင်ကွန်းဆိုတဲ့ လူငယ်ကို သွေးထွက်သံရို ဖြစ်တဲ့အထိ ဝိုင်းဝန်း ထိုးကြိတ်ကြသတဲ့ ။ အဲဒီတော့ လူတွေ လည်း အုတ်အုတ် ကျက်ကျက် ဖြစ်လာပြီး ဝိုင်းဝန်း ဖြန်ဖြေကြ ရတယ်။ လောင်ဇူ့ တပည့်တွေရဲ့  လက်ကနေ လွတ်သွားပြီဖြစ်တဲ့  လူငယ်လေး လောင်ကွန်းဟာ ပြုံးစစနဲ့ လောင်ဇူရဲ့ စင်မြင့်ပေါ် တက်သွားတယ်။ ပြီးတော့ ထိုလူငယ်လေးဟာလူ တွေကို လှမ်းအော်ပြောတယ်။

” ဒီမယ် . . . ကိုယ့်လူတို့ ” အသံ ကျယ်ကျယ်နဲ့ အော်ပြောလိုက်တော့ လူတွေကလဲ စိတ်ဝင်တစားနဲ့ ဝိုင်းမော့ကြည့်ကြတယ်။ ‘ပညာရှိကြီး လောင်ဇူ ပြောနေတဲ့ လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ်” စသဖြင့် ဟောပြော နေတာတွေက မှန်ပါတယ်’ ပြောရင်းနဲ့ သူ့ပါးစပ်က ထွက်ကျလာတဲ့ သွေးတွေကို သုတ်လိုက်တယ်။

ပြီးတော့ သွေးပေနေတဲ့ သူ့လက်ကို မြှောက်ပြရင်း ‘ အဲ့ဒါဟာ ကိုယ့်ပါးကို လာမရိုက်ခင် ထိပါပဲ ‘တဲ့ လူအုပ်ကြီးကလဲ ဝိုင်းပြီး လက်ခုပ် တီးကြတာပေါ့လေ ။ နောက်ပြီး သူက လောင်ဇူဘက်ကိုလည်း လှည့်ပြောလိုက်တယ်။

‘ ခင်ဗျားလို လုံခြုံ စိတ်ချတဲ့ နေရာမှာသာ နေရရင်တော့ ဘယ်သူ့ကို မဆို မေတ္တာ ထားဖို့ လွယ်ကူပါတယ်’ ‘ဒါပေမယ့်လူတိုင်းဟာ ခင်ဗျားလိုမှမနေရတာ သိထားပါတဲ့ … ‘ ။ crd ; ဘဝဒဿနစာစုများ

Add a Comment

Your email address will not be published. Required fields are marked *