တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ KBS မီဒီယာကနေ Dr Sar Sar နဲ့ interview ခဲ့တဲ့အကြောင်း သတင်းကြေငြာပေးခဲ့

တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ KBS မီဒီယာကနေ Dr Sar Sar နဲ့ interview ခဲ့တဲ့အကြောင်း သတင်းကြေငြာပေးခဲ့

ဒေါက်တာ ဆာဆာက ပြောပါတယ် ။ နောက်ထပ် ထုတ်ပြန်ချက်တွေ မလိုအပ်တော့ဘူး ။ ကျွန်တော်တို့ လိုအပ်နေတာက အရေးယူမှု့တွေပဲ ဖြစ်ပါတယ် ။ စစ်ခေါင်းဆောင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ကို ဒါက စကားလုံးတွေပဲ ဆိုပြီး စိတ်ထဲတောင် မထားပါဘူး ။

နိုင်ငံတစ်နိုင်ငံက ပြည်သူတွေကို ကာကွယ်ဖို့ပျက်ကွက်ခဲ့ရင် ကုလသမဂ္ဂလုံခြုံ ရေး ကောင်စီက ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အခြားနိုင်ငံတွေက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု့တားဆီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရပါမယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်က ပြည်သူတွေကို ထပ်မံသတ်ဖြတ် နေတာတွေကို တားဆီးဖို့ပါ။ ဆုံးဖြတ်ချက်နှောင့်နှေးလေလေ သေဆုံးတဲ့ ပြည်သူတွေ ပိုများလေလေပါပဲ…

မြန်မာပြည်သူတွေကို သတ်ဖြတ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ စစ်တပ်ရဲ့ဖမ်းဆီးခြင်းကနေ လွတ်မြောက်ဖို့နဲ့ လုံခြုံစိတ်ချ ဖို့အတွက် ကိုရီးယားအစိုးရရဲ့ ပံ့ပိုးမှု့ လိုအပ်ပါတယ် ။ ကိုရီးယားအစိုးရရဲ့ ပံ့ပိုးမှုကို တောင်းခံပါတယ် ။ရေ၊ အစားအစာနှင့် ဆေးဝါးတွေ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှု့ကြောင့် အနည်းဆုံးလူ ၆၀ သေဆုံးခဲ့ပြီးပါပြီ … ဆိုပြီး KBSက ဒေါက်တာ ဆာဆာနဲ့ interview ခဲ့တဲ့ အကြောင်း သတင်းကြေငြာပေးခဲ့ပါတယ် ။

ဒေါက်တာဆာဆာကို အရမ်း ကျေးဇူးတင်တယ်… မြန်မာနိုင်ငံအကြောင်း ကမ္ဘာကသိအောင် ကြိုးစားပေးနေတဲ့ တောင်ကိုရီးယားရဲ့ KBSသတင်းဌာနကိုလည်း အရမ်းကျေးဇူး တင်ပါတယ် … crd to owner

Tags:

Add a Comment

Your email address will not be published. Required fields are marked *