နိုင်ငံတကာ အာကာသစခန်းရောက် မြန်မာ့ပထမဆုံး ဂြိုဟ်တုကို အသုံးမပြုသေးဘဲ ယာယီသိမ်းထားဖို့ ဂျပန်ကဆုံးဖြတ်

နိုင်ငံတကာအာကာသစခန်းရောက် မြန်မာ့ပထမဆုံး ဂြိုဟ်တုကို အသုံးမပြုသေးဘဲ ယာယီသိမ်းထားဖို့ ဂျပန်ကဆုံးဖြတ်

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံအကြီးအကဲများအား ဖမ်းဆီးကာ တိုင်းပြည်အာဏာသိမ်းခဲ့၍ ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟုသိရ

ဖေဖော်ဝါရီ ၂၂ ရက်က နိုင်ငံတကာ အာကာသစခန်းရောက် မြန်မာ့ ပထမဆုံး ဂြိုဟ်တုကို အသုံးမပြုသေးဘဲ ယာယီ သိမ်းထားဖို့ ဂျပန်အာကာသ ဆအဂျင်စီနှင့် ဂျပန် တက္ကသိုလ်တို့က ဆုံးဖြတ် ခဲ့ကြောင်း ဂျပန် တက္က သိုလ် တာဝန်ခံ အရာရှိများ၏ ပြောဆိုချက်အား ကိုးကားပြီး နိုင်ငံတကာမီဒီယာများက ဖော်ပြကြသည် ။

ယင်းဂြိုလ်တုသည် တောင်သူ ၇၀ ရာခိုင်နှုန်းရှိ မြန်မာနိုင်ငံ ကျေးလက်နေတောင်သူများ၏ စိုက်ပျိုးရေး ၊ ငါးလုပ်ငန်းအတွက် အဓိက အကျိုးရှိစေမည့် ဂြိုလ်တုဖြစ်ကာ ယင်းဂြိုလ်တုကို စစ်တပ်က အသုံးပြုမည်ကိုလူ့အခွင့်ရေး လှုပ်ရှားသူများနှင့် ဂျပန်အရာရှိ တချို့စိုးရိမ် ခဲ့ကြသည် ကတစ်ကြောင်း၊ ဂြိုဟ်တုသည် စစ်တပ်အသုံးချ ရန်အတွက် မဟုတ်သည့်အပြင် စစ်တပ်နှင့် မပတ်သက်ချင်၍ ယာယီသိမ်းထားလိုက်ခြင်း ဖြစ်သည်။

ကမ်ဘာ့မြေပြင်အထက် မိုင် ၂၅၀ ကျော်တွင် အခြေစိုက် ထားသော နိုင်ငံတကာ အာကာသစခန်းသို့ မြန်မာ့ပထမဆုံးဂြိုဟ်တုကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်တို့ ပူးတွဲဆောင်ရွက်သည့် စီမံကိန်းအရ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ယင်းဂြိုလ်တုကို ဂျပန်က တည်ဆောက်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီက မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ကြည်သွင်ကို CDM တွင် ပါဝင်သည်ဟုဆိုပြီး အမှုဖွင့် ဖမ်းဆီးထားသည်ဟု သိရသည်။ Source ; Myanmar Harp Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *