ပြည်သူတစ်ဦးကို ဒေါ်လာ ၁၄၀၀ အထိရရှိမယ့် ဒေါ်လာ ၁.၉ ထရီလီယံတန် ကိုဗစ်ကယ်ဆယ်ရေး ဥပဒေကြမ်းကို ဘိုင်ဒန်လက်မှတ်ရေးထိုး

ပြည်သူတစ်ဦးကို ဒေါ်လာ ၁၄၀၀ အထိရရှိမယ့် ဒေါ်လာ ၁.၉ ထရီလီယံတန် ကိုဗစ်ကယ်ဆယ်ရေး ဥပဒေကြမ်းကို ဘိုင်ဒန်လက်မှတ်ရေးထိုး

ကြာသပတေးနေ့ နေ့လယ်ပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ကယ်ဆယ်ရေး စီမံကိန်းအဖြစ်နဲ့ ဒေါ်လာ ၁.၉ ထရီလီယံ အထိကို ထောက်ပံ့ပေးဖို့ လက်မှတ်ရေးထိုး လိုက်ပါတယ်။ ဒါဟာ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် အထူးရည်ရွယ် ထားတဲ့ စီမံကိန်းတွေထဲက တစ်ခုလည်းဖြစ်ပြီး ပြည်သူ တစ်ဦးချင်းစီ အတွက် ထောက်ပံ့မှုတွေကိုလည်း ပေးသွားမယ်လို့ သိရပါတယ်။

ပြည်သူ တစ်ဦးချင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၀၀ အထိ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အလုပ်လက်မဲ့ သူတွေကိုလည်း တစ်ပတ်ကို ဒေါ်လာ ၃၀၀ နှုန်း ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင်က မျှော်မှန်းထားထက် ရက်ထက် ပိုမိုစောလျင်စွာ ပြုလုပ်နိုင်ခဲ့မှုဖြစ်ပြီး အိမ်ဖြူတော် အနေနဲ့ သမ္မတ ရဲ့ လုပ်ငန်းစဉ်တွေ ထဲကတစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာနဲ့ပတ်သက်ပြီး တော့လည်း ဘိုင်ဒန်က ပြောဆိုခဲ့ပြီး ဒေါ်လာ ၁၄၀၀ကို တိုက်ရိုက်ပေးသွားမယ်လို့ အတိအလင်း ဆိုခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်းရေးမှူး Jen Psaki က ပေးချေမှုတွေဟာ စနေ၊ တနင်္ဂနွေ့နေ့တွေက စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အခု အသုံးပြုသွားမယ့် ဒေါ်လာ ၁.၉ ထရီလီယံထဲကနေ အလုပ်လက်မဲ့တွေအတွက် တစ်ပတ်ကို ဒေါ်လာ ၃၀၀ နှုန်းအထိကို စက်တင်ဘာ ၆ ရက် နေ့အထိ ပေးသွားမှာလည်းဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေအတွက် ဒေါ်လာ ၂၀ ဘီလီယံ ၊ အသုံးအဆောင်နဲ့ ငှားရမ်းမှုတွေ အတွက် ဒေါ်လာ ၂၅ ဘီလီယံ၊ ပြည်နယ်တွေနဲ့ လူမျိုးစုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ၃၅၀ ဘီလီယံအထိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

” ဒီသမိုင်းဝင် ဥပဒေက ဒီနိုင်ငံရဲ့ ကျောရိုးကို ပြန်လည်တည်ဆောက် တာပဲဖြစ်ပါတယ် ” လို့ ဘိုင်ဒန်က ဆိုခဲ့ပါတယ်။ “ပြီးတော့ ဒီနိုင်ငံက လူ၊အ လုပ်သမားတွေ၊ လူလတ် တန်းစားတွေ၊ ဒီနိုင်ငံကို တည်ထောင်ခဲ့သူတွေအတွက် တိုက်ပွဲဝင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်” လို့ ဘိုင်ဒန်က ထပ်မံပြော ကြားခဲ့ပါတယ်။ ကိုဗစ်ရိုက်ခတ်မှုကို ခံစားခဲ့ရတဲ့ အမေရိကန်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ ဒီငွေကြေးတွေလိုအပ်ကြောင်း ဒီမိုကရက်တွေက ပြောကြားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *