ဆံပင်တုတွေအောက်မှာ ရွှေတွေဝှက်သယ်ခဲ့တဲ့ အိန္ဒိယမှောင်ခိုသမားများ

ဆံပင်တုတွေအောက်မှာ ရွှေတွေဝှက်သယ်ခဲ့တဲ့ အိန္ဒိယမှောင်ခိုသမားများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ ၊ ချင်းနိုင်လေဆိပ်မှာ ဆံပင်တုအတွင်း ရွှေတွေကို မှောင်ခို သယ်ဆောင်လာသူ နှစ်ဦးကို လေဆိပ် တာဝန်ရှိသူတွေက ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသား နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ရွှေ ၆၉၈ ဂရမ် အထိ သယ်ဆောင် လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Magroob Akbarali နဲ့ Zubair Hassan Rafiyutheen တို့နှစ်ဦးကို သူတို့ရဲ့ ဆံပင်ပုံစံအပေါ် သင်္ကာမကင်းဖြစ်ခဲ့လို့ ဟန့်တား စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ခေါင်းအလယ် တည့်တည့်ကို ပြောင်နေအောင် ရိတ်ထားခဲ့ပြီး ရွှေထည့်ထားတဲ့ အိတ်ကိုတင်ကာ အပေါ်ကနေ ဆံပင်တုနဲ့ ဖုံးအုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဆံပင်တုတွေကို ဖယ်ရှားလိုက်ချိန်မှာတော့ ကျွတ်ကျွတ်အိတ် အနက်နဲ့ ထည့်သွင်းထားတဲ့ ရွှေတုံးအိတ်တွေကို တွေ့ရှိခဲ့ရပြီး ငွေစက္ကူထုပ်တွေလည်း ထည့်သွင်း ထားခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ခြေအိတ်အတွင်းမှာလည်း ရွှေတွေကို ထည့်သွင်းလာခဲ့တယ်လို့ သိရပြီး ဒူဘိုင်းကနေ ချင်းနိုင်ကိုရောက်ခဲ့ကြပြီး လေဆိပ်က မထွက်ခွာခင်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

လေဆိပ်အကောက်ခွန် အရာရှိတွေက နိုင်ငံခြားငွေကြေးတွေနဲ့ ရွှေတွေရဲ့တန်ဖိုး စုစုပေါင်းဟာ ဒေါ်လာ သုံးသိန်းရှစ်သောင်းအထိ ရှိတယ်လို့ တန်ဖိုးဖြတ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ အလားတူ ဖြစ်ရပ်မျိုးဟာ သောကြာနေ့တုန်းကလည်း ဖြစ်ပွားခဲ့ပြီး အမျိုးသား သုံးဦးကို ဖမ်းဆီးရ မိခဲ့ပါတယ်။ သူတို့ဟာ လည်းရွှေ ၂၄၁၀ ဂရမ်ကို သယ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒူဘိုင်းနဲ့ ရှားဂျက်ကနေ အလည် အပတ် ပြန်လာခဲ့သူတွေလို့ ဆိုပါတယ်။ Source;therivernews

Add a Comment

Your email address will not be published. Required fields are marked *