ဒီနေ့မနက်၅နာရီမှာ ရဲနဲ့စစ်သားကား(၈)စီးနဲ့ ပိုင်တံခွန်ကို မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားကြောင်းသိရ

ဒီနေ့မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား (၈) စီးနဲ့ ပိုင်တံခွန်ကို မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားကြောင်းသိရ

နိုင်ငံကျော် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ (ဧပြီ ၈ ရက်) မနက် ၅ နာရီလောက်မှာ စစ်ကောင်စီ တပ်တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ ၎င်း အစ်မဖြစ်သူက Facebook စာမျက်နှာမှာ ရေးသားထားပါတယ်

” ဒီနေ့ မနက် ၅ နာရီမှာ ရဲနဲ့ စစ်သား ကား ၈ စီးနဲ့ ၊ ပိုင်တံခွန်ကိုလာဖမ်း သွားကြပါပြီ၊ မြောက်ဒဂုံ အိမ်မှာ လာဖမ်းသွားတာပါ၊ Speak Out များများလေး လုပ်ပေးကြပါ၊ ကျန်းမားရေးအရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်း ပေးကြပါဦးဗျာ” လို့ အမဖြစ်သူ မေချစ်သွေးက ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာ Facebook မှာရေးထားပါတယ်

ပိုင်တံခွန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထား ကြောင်း မနေ့ညက စစ်တပ်ပိုင် မြဝတီ သတင်းဌာနကနေ ကြေညာပြီးနောက် ဒီနေ့ နံနက် အစောပိုင်းမှာ ဖမ်းခံရတာဖြစ်ပါတယ်

” ကျနော် ကျန်းမာရေး မကောင်းဖြစ်နေတာ ရက်တော်တော် ကြာပါပြီ၊ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့၊ ကျနော် ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေ ပါတယ်ခင်ဗျာ၊ အားနာစွာနဲ့ပဲ ကျနော့်ကို လည်း ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေးပါခင်ဗျာ” လို့ အဖမ်းမခံရခင် ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ Facebook မှာရေးသားခဲ့ပါတယ်

တိမ်းရှောင်နေရာကနေ နေထိုင် မကောင်းလို့ အိမ်ကိုခေတ္တ ပြန်ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံရတာလို ဆိုပါတယ် ။ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းလိုက်ချိန်ကစပြီး စစ်အာ ဏာရှင် ဆန့်ကျင်ရေး လမ်းမပေါ်ထွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး တရုတ်သံရုံးရှေ့မှာလည်း ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ် Photo – Paing Takhon FB

Add a Comment

Your email address will not be published. Required fields are marked *